ယောနသည်နိနဝေမြို့သို့သွားပြီး၊ဘုရားသခင်စေခိုင်းသည့်အတိုင်း
"ရက်လေးဆယ်လွန်သော်၊နိနဝေမြို့သည်ပျက်စီးခြင်းသို့ရောက်လိမ့်မည်။"ဟုကြွေးေ့ကြာ်
လေသည်။နိနဝေမြို့သားတို့သည်ဘုရားစကားကိုယုံ၍၊လူကြီးလူငယ်အပေါင်းတို့အစာရှောင်
ဆုတောင်းခြင်းအမှု ပြုကာသူတို့၏စိတ်နှလုံးနှင့်စရိုက်များပြုပြင်ပြောင်းလဲခြင်းရှိသဖြင့်
ဘုရားသခင်ပေးမည့်ဘေးဒါဏ်မှလွတ်ခဲ့ကြသည်။
ယောနသည်နိနဝေမြို့ပျက်စီးခြင်းမရှိဘဲ၊သူ၏ပရောဖတ်ပြုခင်းမှလွဲသွားသဖြင့်စိတ်ညစ်ပြီး
ဒေါသထွက်ကါ"အို၊ထာဝရဘုရား၊အကျွုန်ုပ်အသက်ကိုနှုတ်ယူတော်မူပါ။--"ဟုတောင်းလျှောက်
လေ၏။ထို့အပြင်နိနဝေမြို့ကိုဘုရားသခင်မည်သို့ဘေးဒါဏ်ပေးမည်ကိုသိလို၍၊မြို့ပြင်ထွက်စောင့်
နေသည်။တဲမိုးလုပ်ပြီးနေပူအောက်ထိုင်နေသောယောနနှင့်သူ၏အတွင်းစိတ်ကိုသိသော
ဘုရားသခင်သည်ကြက်ဆူပင်ကိုပြင်ဆင်ပြီး၊ယောနစိတ်ပြေစေခြင်းငှါသူ၏ခေါင်းပေါ်၌
အရိပ်ပေးလေသည်။ယောနသည်ဝမ်းသာသွားသည်။ နောက်တနေ့ မိုးလင်းသောအခါ
ထိုအပင်ကိုပိုးကိုက်၍၊ညှိုးနွမ်းစေပြန်သည်။ လေပူကိုလည်းပြင်ဆင်တော်မူပြန်သည်။ယောနသည်
သူ၏ခေါင်းကိုနေထိသဖြင့်၊ငါ့အသက်သေခြင်းသည်ရှင်ခြင်းထက်သာ၍၊ကောင်းသည်
ဟုမြည်တမ်းပြန်သည်။
ထို့နောက်၊ဘုရားသခင်က"သင်သည်ပင်ပန်းစွာမလုပ်၊ကြီးပွားစေခြင်းငှါမပြုစု၊တညဥ့်ခြင်းတွင်
ပေါက်၍၊တညဥ့်ခြင်းတွင်သေသောကြက်ဆူပင်ကိုနှမြောသည်တကါး။ငါသည်များစွာသော
တိရစ္ဆာန်တို့ကိုမဆို၊ကိုယ်လက်ျာလက်နှင့်လက်ဝဲလက်ကိုမျှပိုင်းခြားမသိသောသူ
တစ်သိန်းနှစ်သောင်းမက၊လူများသောနိနဝေမြို့ကိုငါနှမြောသည်မဟုတ်လော။"ဟုမိန့် တော်မူ၏။
ထို့ကြောင့်ပရောဖတ်တို့ သည်ဘုရားပြောစေလိုသောစကားကိုပြောရန်၊ဘုရားသွားစေလိုသော
နေရာသို့သွားရန်သာဖြစ်သည်။သူတို့ပြုသောပရောဖတ်စကားပြည့်စုံခြင်း၊မပြည့်စုံခြင်းသည်
ဘုရားသခင်၏အကြံအစည်တော်(plan) နှင့် သူ၏သဘောတော်(attitude) ပေါ်မှာသာမူတည်သည်။
ဘုရားသခင်၏သဘောတော်သည်အပြစ်ရှိသောလူသားများကိုအပြစ်ပေးလိုခြင်းမဟုတ်၊ နောင်တနှင့်
အသိတရားရရှိပြီး၊လမ်းမှန်ကိုလျှောက်စေလိုကြောင်း၊ယောနဝတ္တု အားဖြင့်သိရှိနိုင်ပေသည်။
ဂျူး ဂျူး လေး။ ( ၁၈ / ၅ / ၂၀၁၅)
No comments:
Post a Comment