Saturday, 20 December 2014
"သိလျက်နှင့် ပြစ်မှားသော အပြစ်" နှင့် " မသိဘဲနှင့် ပြစ်မှားသော အပြစ်"
ကမ္ဘာ ဦး ကျမ်း အခန်းကြီး ၂၀ သည် ဤ အပြစ် နှစ်ရပ်ကို ရှင်းလင်းစွာ သိ စေသော ကျမ်းချက်ဖြစ်သည်။ “သိလျက်နှင့် ပြစ်မှား သော အပြစ်” သည် “ မသိဘဲပြစ်မှား သော အပြစ်” ထက်သာ ၍ အပြစ်ကြီးသည် ဟု ထင်မှတ် တတ်သည်။
အာဗြဟံသည် သူ့ မယားစာရာ ကို သူ ၏ နှမဖြစ်သည်ဟု ပြောဆိုသောကြောင့်၊ ဂေရာမင်းကြီး အဘိမလက်သည် သူ၏ လူကိုစေလွှတ်၍ သူ့ အတွက် စာရာကို ယူစေ၏။ (ကမ္ဘာ ၂၀: ၃)
ဤတွင် အဘိမလက်သည် အာဗြဟံ၏ မယားဟု သိလျက်နှင့် သိမ်းပိုက်သည် ဟုဆိုလျှင် သိလျက်ပြစ်မှားသည့် အတွက်  ဘုရားသခင်၏ ပညတ်ချက်ကို  ချိုး ဖေါက်သောကြောင့် အ ပြစ် ၏ အဖိုးအခဖြစ်သော ဝိညာဉ်ကယ်တင်ခြင်းဆုံးရှုံးမည်(ငရဲ ကျမည်) ဖြစ်သည်။ စစ်မှန်သော နောင်တ နှင့်အပြစ်ဝန်ချပြီး၊ ပြုပြင်လျှင် အပြစ်လွှတ်ခြင်း အခွင့် ရရှိမည်။ သတိပြုရမည်မှာ စိုက်သည့်အတိုင်းရိတ်ရမည် ဆို သကဲ့သို့  မကောင်းသော အပင်ကို စိုက်လျှင် မကောင်း သော အသီးအပွင့် သာရမည် ကို သတိချပ်သင့် ပေသည်။
သို့ သော် အဘိမလက်ဘုရင်ကြီးသည် သူတပါး မယားဟု မသိဘဲသိမ်းပိုက်သည့် အတွက် “မသိဘဲနှင့် ပြစ်မှားသောအပြစ်” ကို ကျူးလွန်မည့် အခြေသို့ ဆိုက်ရောက်နေသည်။ သို့ သော် အဘိမလက်သည် ဖြောင့်မတ်သော သဘောနှင့် ပြုသည်( အာဗြဟံ၏ မယားမှန်း မသိသော ကြောင့်) ကို ဘုရားသခင်  သိသောကြောင့် စာရာနှင့် ပေါင်းဖေါ် ရသည့် အခွင့်ကိုဘုရားသခင် မပေး ၊ “အာဗြဟံ ၏ မယားကို သူ့ အား ပြန်ပေးလော့၊ သူသည်ပရောဖတ်ဖြစ်သော ကြောင့် သင့်အဘို့ ဆုတောင်းလျှင်သင်၏ အသက်ချမ်းသာမည် ။ပြန်မပေးလျှင် သင်မှစ၍ သင်နှင့်ဆိုင် သောသူ အပေါင်းတို့  ဧကန်အမှန်သေမည် ဟု မိန့် တော်မူ၏။” အပြစ်၏ အဖိုးအခသည် သေခြင်းဖြစ်သည် ဆိုသည့်အတိုင်း “ မသိဘဲနှင့်ပြစ်မှား သော အပြစ်” သည်လည်း ဝိညာဉ် သေခြင်း အပြစ်ဒါဏ် ခံ ရ မည် ။
ထို့  ကြောင့် အပြစ် ဟုဆိုရာ တွင် သေးငယ်သောအပြစ်၊ ကြီးမားသောအပြစ်၊ သိလျက်ကျူး လွန်သောအပြစ်၊ မသိဘဲနှင့်ကျူးး လွန်သော အပြစ် မည်သို့ ပင်ကွဲပြားပါစေ အပြစ်သည် အပြစ်သာ ဖြစ်သည်။
 ထို့ ကြောင့် အပြစ်၏ အဖိုးအခ ဖြစ်သော သေခြင်း သည် လည်း  အပြစ်၏ ပမာဏ နှင့် မဆိုင်၊ ရာထူးကြီးငယ် နှင့် မဆိုင်၊ အသက်အရွယ်နှင့် မဆိုင်ပေ။ ဤသည်မှာ  တမလွန်ဘဝ အတွက် အပြစ်၏ အဖိုးအခဖြစ်သည်။
ယခု ဘဝ အတွက် - စိုက်သည့်အတိုင်းရိတ်ရမည် ဆိုသည့်အတိုင်း -- --ဆက်လက်လေ့လာကြည့် ကြပါစို့ ။
ကမ္ဘာ ဉီး ကျမ်း ၂၀:၁၈; “ အာဗြဟံ၏ မယားစာရာ ကြောင့်၊ ထာဝရဘုရားသည် အဘိမလက်၏ အိမ်သူ၊ မိန်းမ တယောက်မျှ ပဋိ သ န္ဓေ မယူစေ ခြင်း ငှါ၊ စီရင်တော်မူ သတည်း။”  
ဤကျမ်းချက်သည် အင်မတန်လေးနက်ပါသည်။ အဘိမလက်သည် စာရာကို သိမ်းပိုက်မည့် အကြံအစည် ၌ အာဗြဟံ ၏ မယား ဟု မသိသည့် အတွက် အဘိမလက် အမြင်၌ သူမှန်သည်။
သို့ သော် အရာအားလုံးကို   သိမြင်တော် မူ သော ဘုရား သခင်သည် အဘိမလက်မင်းကြီး  မှား  နေသည် ကို သိမြင်တော်မူ၏။ အကျွန်ုပ်တို့ ၏  ကိုယ်၊စိတ်၊ ဝိညာဉ် သာမက အာရုံ ( ၅) ပါး နှင့် ပြစ်မှား သော အပြစ်များ ကို ပါ သိမြင်တော်မူသော ဘုရားသခင်ဖြစ်ပေသည်။   ဤတွင် ကျွန်ုပ်တို့ သည် မိမိတို့ အမြင်၌ မှန်ကန်နေရုံ ဖြင့် မရ ဘုရားသခင်၏ ရှေ့ တော်၌ အမြင်တင့်တယ်စွာနေထိုင်အသက်ရှင် နိုင်ရန် လိုပေသည်။
  အထက်ပါကျမ်းချက်( ကမ္ဘာဦး ကျမ်း ၂၀:၁၈)၌ ထင်ရှားစွာ ဖေါ်ပြထားသည်။ အဘိမလက်၏ မယားနှင့် နန်းတော်တွင်းရှိ သော သူများအားလုံးသည် ပဋိသန္ဓေ မယူ စေခြင်းငှါ စီရင်တော်မူသည်ဟု  ဆိုသည်မှာ “သားမဖွားမြုံ သွား စေခြင်းဆိုသည့် အပြစ်ပေးခြင်း” ခံရခြင်းပင်ဖြစ်ပေသည်။ သားသမီး ရတနာသည် ဘုရားသခင်ထံ မှလာသော  အမွေဥစ္စာ ကောင်းကြီးမင်္ဂလာ ဖြစ်သည်။  ထို့  ကြောင့် အဆိုပါ ကျမ်းချက်အရ မသိဘဲနှင့် ပြစ်မှားလျှင် ဘုရားသခင်ထံမှ ကောင်းကြီးများ ပိတ်မည် ဟု မှတ်သားမိသည်။ အဘိမလက်၏ မိဖုရားသာမက နန်းတွင်းတစ်ခုလုံး မိန်းမ တယောက်မကျန်  ပဋိသန္ဓေ မတည် တော့ပေ။ ထို့ ကြောင့်  မိမိတို့ ကိုယ်တိုင် အပြစ်မှန်း မသိသည့် အပြစ် သည်ပင် ကောင်းကြီးမရ နိုင် ကြောင်း၊ မိမိ နှင့်စပ်ဆိုင်သူများပင် မိမိ၏ မသိသော အပြစ်ကြောင့် ကောင်းကြီး ပိတ်ပင်ခံရ ကြောင်း   ကို အဘိမလက်မင်းကြီး ၏ နန်းတော်တွင်း ရှိသူအားလုံး အိမ်ထောင်သည် အမျိုးသမီးများ ပဋိသနွေမတည်နိုင် ဟု  နှုတ် ကပါတ်တော် က ဖေါ်ပြနေပေသည်။  
ဆာလံကျမ်း ၁၀၃:၁၀; “ ငါတို့ ပြစ်မှားခြင်း နှင့် အလျောက် ငါ တို့ ၌ ပြုတော် မမူတတ်။ ငါ တို့ ၌ ဒုစရိုက် ရှိသည် အတိုင်း အပြစ်ကို ပေးတော်မမူတတ်။” သော  ဘုရားသခင်၏ ကရုဏာ တော် အရိပ်အောက်၌ ခို လှုံ ဆုတောင်းနိုင်ပါသည်။ မြေကြီး နှင့် ကောင်းကင်အမြင့်ရှိသည့်အတိုင်း ကြီးမား လှသော ဘုရားသခင်၏ ကရုဏာတော် အရိပ် အောက်၌ ယုံကြည်စွာ ဆုတောင်း လျှင် ကောင်း ကြီး ပိတ် သော အပြစ်တရား မှ လွတ်မြောက်ကြကာ ကောင်းကြီး ရ နိင်  သော သူ အယောက်တိုင်း ဖြစ် နိုင်ပါသည်။
မိမိကိုယ်တိုင် ဖြစ်စေ၊ မိမိ နှင့် စပ်ဆိုင်သူ များ ဖြစ်စေ အဘိမလက်ကဲ့သို့  စုံစမ်းနှောက်ယှက်ခြင်း ခံ နေ ရ ပါ က ဆာလံ ၁၀၃: ၁၂ နှုတ်ကပါတ်တော်နှင့် ဆုတောင်း ပေးနိုင်ပါသည်။ အောက်တွင်ဖေါ်ပြပါမည်။
ဆာလံ၁၀၃:၁၂; “ အရှေ့ မျက်နှာစွန်းသည် အနောက်မျက်နှာစွန်း နှင့် ဝေးသည် အတိုင်း ငါတို့ အပြစ်များကို ငါတို့ နှင့် ဝေး စေ တော်မူ၏။”
“ ငါ” ဆိုသည့် နေရာတွင် နာမည် ထည့်၍ ဆု တောင်း လျှင်  ဆု တောင်း ပြည့်စုံ ခြင်း ပို မြန်ပါသည် ။
ခရစ်ယာန်ဘာသာဝင်တိုင်း သာ မ က လူသားအား လုံး ကို ချစ်တော်မူသော ဘုရားသခင်ဖြစ်သည့် အတွက် စုံစမ်း နှောက်ယှက်ခြင်း ခံရ သောသူတိုင်း ဆု တောင်းပါ။ ပြည့်စုံပါမည်။
ဆုတောင်း ချက်။(ဆု တောင်း ရန် နည်းလမ်း )
“ အဘ ဘုရားသခင် အကွျှုန်ုပ် ၌ အပြစ်တရား၏ စွဲဆောင်ခြင်း ခံနေရပါတယ်။ ကူညီမစတော်မူပါ။
ဆုတောင်းပြည့်ခဲ့လျှင် “ ဘုရားသခင်၊ အကွျှုန်ုပ် ၏ ဆုတောင်းသံ ကို နားညောင်း၍ အဖြေ ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊၊” ဟု ကျေးဇူးတော်ကို ချီးမွှန်းပါ။ သူများ ကိုလည်း ဝေမျှ ပေးခြင်းဖြင့် အချင်းချင်းလေးသောဝန် ကို ဘုရားသခင်၏မေတ္တာဖြင့် ကူညီထမ်းပေးရာ ရောက်ပါသည်။
ဂျူးဂျူးလေး၊ ( ၂၀ ၊၁၂၊ ၂၀၁၄။ )