ပြာမှုန် ဗုဒ္ဒဟူး
နေ့ 
( Ash Wednesday)
ပြာမှုန် ဗုဒ္ဒဟူး နေ့ သည် လူအများ သိနေ သော ရှင်ပြန်ထမြောက်ရာနေ
့(Easter Sunday ) မတိုင်မီ၊ရက် ၄၀ ၏ အစ ပထမနေ့ ဖြစ်သည်။
ထိုနေ့  ကို
ပြာမှုန်ဟု သမုတ် ခြင်း မှာ - လူသားသည် မြေ
မှုန် မှဘုရားသခင် ဖန်ဆင်းတော် မူသောကြောင့် မြေမှုန်၏ သဘာဝ- ဇာတိစိတ်(ပင်ကိုယ်စိတ်)
သည် လူသား တွင် ပါလာသည်။ စိတ်ပညာ ဝေါဟာရ အရ
အတ္တ စိတ်(id)ဖြစ်သည်။ ဥပမာ- ဆာလောင်သောစိတ်၊ဒေါသစိတ်၊လိုချင်လောဘစိတ်၊ ကာမစိတ်၊ စသည်တို
့ဖြစ်သည်။ သဘာဝပင်ကိုယ်စိတ် ဖြစ်သည့်အတွက် ဆာလောင်စိတ်၊
လိုချင်စိတ် စသည်တို့ သည် အပြစ်မဟုတ်သော်လည်း ဗိုက်ဆာသဖြင့်သူတပါးကို ရန်ပြုခြင်း၊
လိုချင်၍ ခိုးမိခြင်း၊ သူတပါးသားမယားကို အာရုံ ငါးပါး ဖြင့် ပြစ်မှား မိခြင်း တို့ သည်
အပြစ် ဖြစ်သည်။
အပြစ်ဆိုရာတွင်
မိမိ၏ ဇာတိစိတ်ကြောင့်ဖြစ်သော အပြစ်များ သာမက သူတပါး၏ သွေးထိုးခြင်း၊ စာတန်၏ သွေးဆောင်
ဖျားယောင်းခြင်း နှင့် မလွန်ဆန် နိုင်သော အခြေအနေ
များ ကြောင့် ကျူး လွန် သောအပြစ်များလည်းရှိ သည်။ မိမိကိုယ်ကို အပြစ်ကင်းသည် ဟု ဆို
လျှင် အာရုံငါး ပါး အပြစ်နှင့် လွတ် မလွတ်ပြန်လည်ဆန်းစစ်ဖို့  လိုသည်။ မ မှားသော ရှေ့ နေ၊ မသေ သော ဆေးသမား မရှိ ဆိုသော စကားပုံ ကဲ့သို
့ ဘုရားသခင် ရှေ့ တော် တွင် အပြစ်မပြု သော
လူသားမရှိပေ။
ပြာမှုန်နေ့ သည် မိမိ တို့ ၏ အပြစ်များ ကို ပြန်လည်သတိရရန်
နှင့် မြေမှုန် နှင့် လုပ်ထားသောကိုယ် ဖြစ်သဖြင့်
မာန ထောင်လွှား စိတ်နှင့် အထက်ဖေါ်ပြပါ အပြစ်များ ကို မိမိခွန်အားဖြင့် မပယ်ရှား နိုင်သဖြင့် သခင်ယေရှူ လာရောက် ကယ်တင်ခြင်း
ကို ပြန် အမှတ်ရြ့ပီး၊ အားနည်းချက်များကို ပြန်လည် ပြုပြင်ကြရန်ဖြစ်သည်။ ထို့ အပြင် လူသားသည် မြေမှုန် မှ လာသဖြင့် မြေမှုန်သို့ပြန်ရမည် ကို အမှတ်ရ ရန် နှင့် ကိုယ်ခန္ဒာသည် မြေသို့ ပြန်သော်လည်း ၀ိဥာည် ကယ်တင်ခြင်းကို ပေးသော သခင်ယေရှူ ရှင်ပြန်ထမြောက်သော နေ့ ရက် တို့ ကိုပြန်လည်အောက်မေ့ ပြီး၊ ပြု ပြင်သွားကြဖို့ ဖြစ်သည်။
သခင်ယေရှူ
ကမ္ဘာပေါ် တွင် ရှိစဉ်ကာလ၊ အစ္စရေး လူမျိုး တို့ သည် မောရှေ၏ ပညတ်ချက်အောက်တွင်အပြစ်ပေးလေ့ ရှိ သော ဓလေ့
တစ်ခု မှာ- အပြစ်ရှိသူ ကို ချိုင့်ဝှမ်းထဲတွင် ခဲနှင့်သေသည် အထိ ၀ိုင်းပစ်ခြင်း ဖြင့်
အပြစ်ပေး ခြင်းဖြစ်သည်။ လောက်စာလုံး သေးသေးလေးဖြင့် ထိ မှန်လျှင် ပင် အင်မတန်နာကြင် လျှင်
ကျောက် ခဲ များ နှင့်ပစ်သဖြင့်ခံ ရသည့် ဝေဒနာ ကို ခန့် မှန်းခြင်းဖြင့် သိရှိနိုင်ပါသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း
အခန်းကြီး (၈) တွင် ပြည့်တန်ဆာအမျိုးသမီး တစ်ဦးကို ကျမ်းပြု ဆရာ တို့ နှင့် ဖာရိရဲတို
့ က သခင်ယေရှူထံ ခေါ် လာပြီး ထိုမိန်းမ ကို ကျောက်ခဲနှင့် ပစ်ရမည်လော၊ မောရှေသည် အကျွန်ုပ်တို
့ကို ပညတ်တရား တွင် စီရင် ထုံးဖွဲ့ စေပါပြီ၊ ကိုယ်တော်က အဘယ်သို့ မိန့် တော်မူမည်နည်း ဟု လျှောက်ကြ၏။ သခင်ယေရှူသည် အောက်သို့ ငုံ့ လျှက်မြေတွင်
လက်ညှိုးတော်နှင့် ရေးသားပြီးနောက်၊ သင်တို့ တွင် အပြစ်ကင်းသောသူသည် ရှေး ဦးစွာ ကျောက်ခဲနှင့်ပစ်စေဟု
မိန့် တော်မူ ပြီး မှ၊- တဖန်အောက်သို့ ငုံ့ ၍၊ မြေ ပေါ်တွင်ရေးသားတော်မူပြန်၏။ ထိုသူတို
့သည် ကြားရလျှင် မိမိတို့ စိတ်နှလုံးသည် မိမိတို့ အပြစ်ကို ဖေါ်ပြသဖြင့်၊ အသက်ကြီးသူမှ
စပြီး၊ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက် တယောက်ထွက်သွားကြ၏။ ယေရှူသည် တယောက်တည်းကျန်ရစ်တော်မူလျက်
ထိုမိန်းမသည် အလယ် တွင် ရပ်နေ ၏။ ယေရှူသည် အချင်းမိန်းမ သင်၏ အမှု ကို အဘယ်သူမျှ မစီရင်သလော
ဟု မေးတော်မူ၏။ အဘယ်သူမျှ မစီရင်ပါ ဟု လျှောက်ရာ၊ ငါသည်လည်း သင်၏အမှု ကိုမစီရင်။ သွားလော့။
နောက်တဖန် ဒုစရိုက်ကို မပြု နှင့် ဟု မိန့် တော်မူ၏။
ယနေ့  အပြစ်ပြုမိသူများ (နောက်တဖန် အပြစ်မပြုတော့သောသူများ
=စစ်မှန် သော နောင်တရသူများ) ၊ အပြစ်နွံနစ်နေသူများ (မိမိတို့ အပြစ်မှ ရုန်းမထွက်နိုင်သောသူများ
) များစွာထဲတွင် အကျွုန်ုပ် ရော သင်ရော ပါဝင်နေဆဲလား။ ကျွုန်ုပ်တို့ လူသားများသည် အပြစ်ပြု
ခြင်းမှကင်းဝေးရန် ကူညီမည့်အစားဝိုင်းပြီး အပြစ်တင်ရှုံ့ ချ ကြသည်။ ထို လူစုထဲမှာ ကျွန်ုပ်တို
့ပါဝင်နေသည်လား။ ပြာမှုန် ဗုဒ္ဒ္ဒဟူး နေ့  မှာဆန်းစစ်ပြီး၊ပြု
ပြင်ကြပါစို့ ။
ဂျူး ဂျူး လေး ( ၁ မတ်လ ၂၀၁၇။ ပြာမှုန် ဗုဓ္ဒဟူး နေ့ ။)