Tuesday, 10 March 2015
" တံတိုင်း "
          " တံတိုင်း " ဆိုသည်မှာ တဘက်နှင့်တဘက် နယ်မြေ ပိုင်းခြား ကာရံထားသော အတားအဆီး တစ်ခုပင်ဖြစ်သည် ။
         ဘုရားသခင်သည် ဧဒင်ဥယျာဉ် ထဲ တွင် လူသားများ ကို ပြည့်စုံသည့် အသက်တာဖြင့် ထားရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဖန်ဆင်းခဲ့သည်။ ထာဝရ အသက် ကိုပေးလိုသည်။ ထို့ ကြောင့် ဧဒင်ဥယျာဉ်ထဲ၌ ထာဝရ အသက်ပင် ( The tree of life) နှင့် ကောင်း မကောင်း ခွဲခြားနိုင်သော အသိဥာဏ်ကို ပေးသော အပင် (The tree of knowledge) ကိုလည်း ထားရှိခဲ့သည်။  The tree of knowledge အပင်မှ အသီး ကို မစားရန် တားမြစ်ထားသည်။ သို့ သော် စာတန်သည် မြွေ   သဏ္ဌာန်   ဟန်ဆောင် ကာ လူမိန်းမ  "ဧဝ"ထံသို့ လာ ၍ ဘုရားသခင်တားမြစ်သော အပင်၏ အသီး ကို စားရန် သွေးဆောင် ပြီး၊ ထိုအပင်၏ အသီးကို စားစေခဲ့သည်။ ဘုရားစကားကို မနာခံ သော ကြောင့် ဘုရားသခင်သည် "အာဒံ"  နှင့်  "ဧ ဝ" တို့ ကို ဧဒင်ဥယျာဉ် မှ နှင်ထုတ်ခဲ့သည်။ ထို့ ကြောင့် အပြစ် ၏ အရင်းအမြစ်ဖြစ် သော ဘုရားစကား ကို မနာခံခြင်း(အပြစ်)   သည် ဘုရား သခင် နှင့် လူသား အကြား မမြင်ရ သောတံတိုင်း သဖွယ် ရှိခဲ့သည်။ လူသား၏ အပြစ်ကြောင့် ဘုရားသခင်နှင့် လူသား တို့ ဝေးကွာခဲ့သည်။
   "တံတိုင်း"  သီချင်းကို ရေးစပ် သော ဆရာ စောဝီးလ်ဖရက်သည်၊ ထိုသီချင်း ထဲ ၌ နိုင် ငံ ရေး တံတိုင်း အ ဖြစ် တည်ရှိခဲ့ သော ဘာလင် တံတိုင်း ပြို ကွဲသည့်တိုင် အောင် လူသားတွေ၏   နှလုံးသားထဲ၌ရှိ နေ   သေး သော မမြင်ရသည့် အပြစ် ၏  တံတိုင်း ကြီးများကို တစ်ခုချင်း စီ ရေးစပ် ဖေါ် ပြခဲ့သည်။ ခံယူချက် ယုံကြည်ချက် ၊ ဓ လေ့စရိုက် ဝါသနာ အမြင် ၊ ဒေသစွဲ တွေ - -- စသဖြင့် အပြစ်တံတိုင်း တစ်ခုချင်း စီ ကို ဖေါ် ထုတ်ရေးစပ်ခဲ့သည်။
      သခင်ယေရှူ သည် လူ့ ဇာတိကိုခံ ကာ  ဘုရားသခင်နှင့် လူသား  အကြား   ပြန်လည်သင့်မြတ်မှူ (reconciliation) ရ ရှိရန် လူသားများ၏ အပြစ်ကို သူ့ အသွေးတော်ဖြင့် ဆေးကြောပေးခဲ့သည်။
သခင်ယေ ရှူ ၏ အသက်သွေးတော်သည် ဘုရားသခင်နှင့် လူသားကြား အပြစ်များ သာမက လူသားအချင်းချင်း ကြား၌ ရှိနေ သော တံတိုင်းများကို ဖယ်ရှား နိုင်သည် ။
       စာရေးသူ နှင့် ဘုရားအကြား ၌ ကြီး မားသော တံတိုင်းတစ်ခု ရှိခဲ့သည်။ ထို တံတိုင်း မှာ
 " ခွင့်လွှတ်ခြင်း" ( forgiveness ) ဖြစ်သည်။ စာရေးသူ ကို စိတ်အနှောက်အယှက်ပေးသော သူ ကို ခွင့်မလွှတ် နိုင်ခြင်းသည် ဘုရားသခင်နှင့် ကျွုန်ုပ် အကြား ကြီးမားသောတံတိုင်းဖြစ်ခဲ့သည်။ ကျွုန်ုပ် ကိုယ်ပိုင် ဒိုင်ယာရီ ဟောင်း ၏ စာမျက်နှာများ  သည် အလွမ်းအဆွေးများ မဟုတ်ဘဲ သူတပါး၏ အပြစ်များနှင့် ပြည့်နက်စေခဲ့သည်။ သခင်ယေရှူ ၏ မေတ္တာ တော် နှင့် အဘခမည်းတော်ဘုရားသခင်၏ ခွင့်လွှတ်ခြင်း တရား ကို သိရှိ သော အချိန်တွင် ထိုသူ၏ ရှေ့  ၌ သူ၏ အပြစ်များ ကို အချိန်နာရီ၊ နေ့ ရက် အတိအကျ မှတ်ထား သော  ဒိုင်ယာရီ အားစုတ်ဖြဲ ကာ အမိုက်ပုံး ထဲသို့  လွှင့်ပစ် ခဲ့သည်။ သို့ သော် ခွင့်လွှတ်ခြင်း ဆိုသည် မှာ နှု တ် ၏ အသီး မဟုတ် နှလုံးသား၏ အသီးအပွင့် ဖြစ်ကြောင်း သိ ခဲ့ရသည်။
ထို့ ကြောင့် ဒိုင်ယာရီ သည် အမှိုက်ပုံးထဲ ရောက်သွားသော်လည်း ၊ နှုတ်ဖြင့်ဖွင့်ဟ ခွင့်လွှတ် ခဲ့သော်လည်း
ထိုသူ၏ မျက်နှာ ကို တွေ့ တိုင်း  ဒိုင်ယာရီစာမျက်နှာ ပေါ် မှ သူ့ အပြစ်များသည် ထိုသူ၏ မျက်နှာပေါ်၌ ပေါ်ပေါ် လာ နေပါတော့သည်။  ဘုရားသခင် သည် ကျွု န်ုပ် တို့  အပြစ်များ အတွက် ခွင့်လွှတ်ကာ တစ်ပါးတည်းသော သားတော်ကို စွန့် ခဲ့ ပြီ။ သို့ သော် အကျွု န်ုပ်  မှာ သူတပါး အပြစ်  ကို ခွင့် မလွှတ်  နိုင် ဖြစ်နေသည်။ မိတ်ဆွေတစ်ဦး နှင့် ဆွေး နွေး ကြည့် သည့်အခါ စာရေးသူ သည် ထို သူ ၏ အပြစ် ကို မိမိ အား နှင့် မိမိကြိုးစား ပြီးခွင့်လွှတ် နေ သည် ဟု ဥပမာ နှင့် ထောက် ပြခဲ့သည်။
    ယနေ့ သတင်း ဂျာနယ်များ၊ အင်တာနက်များ တွင် ခွင့်လွှတ်ခြင်း ပါရမီ ပြည့်ဝသူများ အကြောင်း ဖတ်ရှူ ကြားသိ တွေ့ မြင် ရသဖြင့်များ စွာ ဂုဏ်ယူမိသည်။ သူတို့ ၏ ခွင့်လွှတ်ခြင်း များ ကို  လက်တွေ့  လုပ်ဆောင်ချက်များနှင့် ကြားသိတွေ့ မြင်ရသည့် အခါ မျက်ရည်လည်မိသည်။
ရောမဩဝါဒ စာ ၁၂:၂၁; " အဆိုးအားဖြင့် အရှူံးမခံ နှင့် အကောင်း အားဖြင့် အဆိုးကို နိုင်လော့။ "
ဤ နှု တ်ကပါတ်တော်အား ဖြင့် လူသားအချင်းချင်းကြားမှာသော်၎င်း၊ ဘုရားသခင်နှင့် လူသား အကြားမှာ  သော်၎င်း  မမြင်ရ သော တံတိုင်း များ စွာ ကို ဖယ်ရှား ကြပါစို့ ။
ဂျူး ဂျူး လေး ။ ( ၁၀ / ၃ / ၂၀၁၅ )။
Sunday, 1 March 2015
"နောင်တ" (Regret) နှင့် "စစ်မှန်သောနောင်တ" ( Repentance)
"နောင်တ" ဆိုသည်မှာ မိမိ အမှားကို မိမိကိုယ်တိုင် သိရှိသော အသိတရားပင်ဖြစ်သည်။
သို့ သော် လူသားများသည် မိမိအမှား ကို မိမိသိသော်လည်းပြု  ပြင်ရန်မလွယ်။  
"မိမိစိတ် ကို နိုင်သောသူသည် စစ်ပွဲများစွာအောင်နိုင်သော စစ်သူကြီးထက်သာ သည်" ဟုတရုတ်ပညာရှိ ကွန်ဖြူးး ရှပ်  မိန့် ဆို ခဲ့ သည် ကို ကြည့်ခြင်းအားဖြင့် စိတ်စွမ်းအား ကိုထိန်းချုူ ပ် ရန် မလွယ်ကူ ကြောင်း သိနိုင်သည်။ တမန်တော်ရှင်ပေါလု ကိုယ်တိုင်ပင်  မိမိကျင့် ချင်သော ကောင်းသောအကျင့်ကို မိမိကိုယ်တိုင် မကျင့်နိုင် ဟုဆိုခဲ့သည်။
"စစ်မှန်သော နောင်တ" ဆို သည် မှာ မိမိအမှား ကို မိမိကိုယ်တိုင် သိရှိသော အသိတရား မှ တဆင့် မှန်သောပြု ပြင် ပြောင်းလဲသည့် အသက်တာ ဟု အဓိပ္ပါယ်ဖွင့်ဆို နိုင်ပါသည်။
 "နောင်တ" နှင့် "စစ်မှန်သောနောင်တ" ကို ရှင်းလင်းစွာ သိမြင်နိုင် ရန် သခင်ယေရူ ကားတိုင်ပေါ် ၌ သတ်အံ့ သောငှာ ဖမ်းဆီးခံရသော အချိန်ကာလ အတွင်း တပည့်တော် (၁၂) ပါး ထဲမှ' ပေတရု' နှင့် 'ယုဒရှကာရုတ်'  ထို နှစ်ဦး အားဖြင့် ဖေါ်ပြလိုပါသည်။ ထိုအချိန်သည် တပည့်တော်များ လည်းဖမ်းဆီးခြင်းခံ ရမည့် ဘေးမှ ဝေး အောင်ပုန်းရှောင်နေ သော အချိန် လည်းဖြစ်သည်။
ယေရှု ကကြက်မတွန်မှီသင်( ပေတရု) သည်  သုံး ကြိမ်မြောက် အောင် ငါ့ ကို ငြင်းပယ်လိမ့်မည် ဟု မိန့် တော် မူခဲ့သည့် အတိုင်း ပင်၊ ယေရှု ကို ဖမ်ဆီးထားပြီးကားတိုင်တင်ရန် ယဇ်ပုရောဟိတ်မင်းကြီးတို့ 
 ကြိုးစားချိန် ပေတရု သည် ယေရှု ၏ တပည့်မဟုတ် ၊ ပေါင်းဘော်သော သူ မဟုတ် ဟု ငြင်းပယ်ခဲ့သည်။
ထို့ နောက် ပေတရုသည် ယေရှု ၏ စကားကို သတိရ သဖြင့်အ ပြင် သို့ ထွက် ၍၊ ပြင်းစွာ ငိုေ ကြွး
ခဲ့သည်။ ( ရှင်မဿဲ ၂၆: ၇၅ )
သို့ သော် သူ သည် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး နောက်ပိုင်း တွင် တံငါသည် အလုပ်ကို စွန့် ကာ သခင် မှာ သည့် အသက်တာ ၌ လျှောက်ခဲ့သည်။ ရှင်ပေတရု ၏ အသက်တာ ဆက်ကပ်မှု များကို
ရှေး ဦး အသင်းတော် များ၏ လုပ်ဆောင်ချက်များ တွင် တွေ့ ရှိနိုင်သည်။  ပေတရု ၏စစ်မှန်သော နောင်တ သည် သူ၏ အသက်တာ ကို ပြောင်းလဲစေသည်။
 ယုဒရှကာရုတ် သည် သခင်ယေရှု ကို ငွေ သုံးဆယ်( ဒေနာ ရိ သုံး ဆယ်) နှင့် ယဇ်ပုရောဟိတ်တို့  လက်
ကိုအပ်နှံ မိသည့် မိမိ အမှား ကို သိသော်လည်း နှုတ် အားဖြင့်သာ " အ ကျွန်ုပ် ပြစ်မှား ပါပြီ။ " ဟုသာ ဝန်ခံ
ခဲ့ပြီးမိမိကိုယ်ကို ဆွဲ ကြိုး ချ ၍ အဆုံးစီရင် ခဲ့သည်။ ( ရှင်မဿဲ ၂၇: ၁-၅ )
ယုဒရှကာရုတ် သည်  အမှားကို သိသည့် အသိတရား ( နောင်တ) သာ ရှိခဲ့သည်။
"နောင်တ" နှင့်  "စစ်မှန်သောနောင်တ" တရားနှစ်ပါး ကို ခွဲခြားသိမြင်တတ်ပါ က ဘဝ ၌ တိုးတက်ပြောင်းလဲ နိုင် ပါသည်။ သို့ သော် လူသား များဖြစ်သည့်အတွက် မိမိ စွမ်းအား ဥာဏ်အား ဖြင့် ပြောင်းလဲရန် မလွယ်ကူ ပေ။ သခင်ယေရှု အ သွေးတော်တန်ခိုး နှင့် နှုတ် ကပါတ် တရား တော် မြတ် များ သည် ကျွု န်ုပ် တို့ ၏ အမှား များ ၊ အပြစ်များ နှင့် ဒုစရိုက်အပြစ်များ ကို ဆေး ကြောသန့် ရှင်း စေပါသည်။
" - -ဘုရားသခင်၏ သားတော် ယေရှု ခရစ်၏ အသွေးတော်သည် ငါတို့ အပြစ်ရှိ သမျှ ကို ဆေးကြောတော်
မူ၏။ " ( ၁ ယော ၁:၇  )
" ထိုသခင်သည် ငါတို့ အပြစ်မက လောကီသား အပေါင်းတို့ ၏ အပြစ်ဖြေစရာ အ ကြောင်းဖြစ်တော်
မူ၏။ " ( ၁ ယော ၂:၂ )
သခင်ယေရှူ အသွေးတော်သည် ကျွုန်ုပ် တို့ တစ်ဦးချင်းသာမက  လောကီသား အ ပေါင်းတို့ ၏ အပြစ်များ ကို ဆေးကြောပေးနေသည်။ ထို သခင်ယေရှု အ သွေး တော်၌ တန်ခိုးတော်လည်း ရှိပါသည်။
ထို့ အပြင်-စစ်မှန်သောနောင်တဖြင့် ဆုတောင်းလျှင် --
( ၁ ) ကျွုန်ုပ် တို့ ၏ အပြစ်များကို ခွင့်လွှတ်ခြင်းသာ မ က ကျွုန်ုပ်တို့ ကို ဒုစရိုက်အပြစ်များနှင့်ကင်းစင်စေ၏။ "ကိုယ်အပြစ်တို့ ကို ဖေါ်ပြ တောင်းပန်လျှင် ငါတို့ အပြစ်များ ကို လွှတ်၍၊ ဒုစရိုက်ရှိသမျှ နှင့် ကင်းစင် စေခြင်းငှါ ၊ ဘုရားသခင်သည် သစ္စာနှင့် ၄င်း ၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း  ပြည့်စုံ တော်မူ၏၊
 ( ၁ ယော ၁:၉ )
( ၂ ) ဘုရားသခင်သည် ကျွူ န်ုပ် တို့ ၏ စကားကို နားထောင်နေပါသည်။
" ငါ့နာမဖြင့် သမုတ်သော ငါ့လူတို့ သည် ကိုယ်ကိုနှိမ့်ချသဖြင့်၊ ငါ့မျက်နာ ကိုရှာလျက် ဆုတောင်းပဌာနာပြု ၍၊ အဓမ္မလမ်း ကို လွှဲ ရှောင်လျှင် ငါသည် ကောင်းကင်ဘုံ ၌ နားထောင်မည်။ သူတို့ အပြစ်ကို ဖြေ၍ သူတို့ ပြည် ကိုချမ်းသာ ပေးမည်။ - ငါကြည့်ရှု မည်။ --" ( ဒု ရာဇဝင်ချူ ပ် ၇:၁၄ ၊၁၅ ။)
 နောင်တ မှသည် စစ်မှန်သောနောင်တ သို့ ၎င်း၊
စစ်မှန်သော နောင်တရရှိသော တစ်ဦးချင်းအသက်တာမှသည်သို့  လူအများ၊
 လူအများမှသည် တိုင်း ပြည်၊ တိုင်းပြည်မှသည် လောကသို့ --
ဘုရားသခင်သည် ကျွုန်ုပ်တို့  ဆုတောင်း သံကို ကောင်းကင်၌ နားထောင်နေသည်။
ဂျူးးဂျူးလေး ( ၁ / ၃/ ၂၀၁၅ )