အထက်ပါ ခေါင်းစဉ်မှ
“ ငါ” ဆိုသည့် စကားလုံး သည် စာရေးသူ ကို မ ညွှန်းပါ။
“ ငါသည်ငါ ဖြစ်၏ ”ဟုမိမိ၏
နာမတော်ကိုမိန့် တော်မူသော ” ထာဝရဘုရားသခင်” ကို ဖော်ညွှန်းပါသည်။
“ နိနဝေ မြို့  ကို ငါ သည် ချစ်သကဲ့သို့ ” ဟု ဆိုသည်တွင် ဘုရားသခင်နှင့်
နိနဝေ မြို အကြောင်း ကို ဖော်ပြရေးသားမည်ဖြစ်ပေသည်။
နိနဝေမြို့သည်ယနေ့ ကမ္ဘာတွင်ရှိနေဆဲ မြို့ တစ်မြို့လည်း ဖြစ်သကဲ့သို့  ကျမ်းစာ ထဲမှ
ရှေး အကျဆုံး မြို့  တစ်မြို့ လည်းဖြစ်သည်။ သို့  သော် စာ ရေးသူ ရေး သားမည့်
နိနဝေ မြို့ သည် နှုတ်ကပါတ်တော် ကျမ်းစာမှ
မြို့ အကြောင်း ဖြစ်သည်။ ဤ နိနဝေ မြို့  သည် အဆီးရီးယား အင်ပါယာ တန်ခိုးကြီးထွားခဲ့သည့်အချိန်
မှာ တန်ခိုးအာဏာ၊ စီးပွားတိုးတက် အောင်မြင်ကျော်ကြားသော မြို့ တစ်မြို့ ဖြစ်ပေသည်။
ထိုမြို့ သားတို့ သည်ထာဝရ ဘုရားကို မ ကိုးကွယ်
ကြ။ မသိကြပါ။ ထို မြို့ ၏ တိုးတက်ကြီး ပွားခြင်းသည်ထာဝရ ဘုရားနှစ်သက်ဖွယ် ဖြစ် သော်လည်း၊
ဆိုးညစ်သော အမှုများ များ ပြားလာသည့်အခါ ထာဝရဘုရား၏ အမျက်တော်ကို နိုးဆော်တော်မူစေခဲ့သည်။
ထို ကြောင့်ဘုရားသခင်သည်သူ၏ပရောဖက်ယောနကိုထိုမြို့ သို့သွားရန်နှင့် ခြိမ်းခြောက်သောစကားကို မိန့် ဆိုစေခဲ့သည်။
ယောနသည်တန်ခိုး ကြီးထွားသောရှင်ဘုရင်နှင့် မြို့ သူမြို့သားတို့ ၏အရှိန်ကိုလန့်သဖြင့် နိနဝေမြို့ကိုမသွားဘဲဘုရားသခင်၏မျက်မှောက်တော်မှထွက်ပြေးခဲ့သည်။
ဘုရားသခင်စေလွှတ်တော်မူသောလေပြင်းနှင့်မိုးသက်မုန်တိုင်းကြောင့် ယောနစီးနင်း
လိုက်ပါသော သဘောင်္ပျက်လုနီးပါးဖြစ်ခဲ့သည်။
ထိုအခါသဘောင်္သားများသည်အသီးအသီးမိမိတို့ကိုးကွယ်သော
ဘုရားထံသို့အော်ဟစ်ခေါ်ကြသည်။ယောနမူကားသဘောင်္ဝမ်းထဲ၌အိပ်ပျော်နေသည်။
ကပ္ပတိန်သည်လာ၍ယောနကို“ထလော့။သင်၏ဘုရားထံဆုတောင်းလော့၊”ဟုဆိုပြီး၊
“လာကြ၊အဘယ်သူ၏အပြစ်ကြောင့်ဤအမှု(မုန်တိုင်းကျပြီးသဘောင်္ပျက်လုနီးနီး)
ဖြစ်သည်ကိုသိရန်”ဟုဆို ပြီးစာရေးတံချကြသည်။

ယောန၌စာရေးတံကျသဖြင့်၊သဘောင်္သားတို့ကမေးမြန်း ကြရာယောနသည်
သူထွက်ပြေးခဲ့ရသည့်အကြောင်း ပြောပြ၏။
သူထွက်ပြေးခဲ့ရသည့်အကြောင်း ပြောပြ၏။
သဘောင်္သားတို့၏ ရှေးအစဉ်အလာတစ်ခုမှာအပြစ်ပြုသောသူပါလာလျှင်
သဘောင်္ပေါ်မှပင်လယ်သို့ပစ်ချမှသဘောင်္ပျက်ခြင်းဘေးမှကင်းလွတ်သည်ဟုယူဆ ကြသည်။
သို့ရာတွင်သဘောင်္သားများသည်ယောန၌အပြစ်မရှိဟုတွေးဆသော ကြောင့်၊
သူ့ကိုရေထဲသို့ပစ်မချဘဲ၊ကမ်းသို့ ပြန်ပို့ ရန်တက်ခတ်ကြသည်။ သို့ သော်လှိုင်းတံပိုးတိုး၍ထသောကြောင့်၊သ ဘောင်္သားတို့ သည်ဘုရားသခင်ထံ၌သူတို့ ကို
အပြစ်မတင်ရန်တောင်းပန်ပြီးမှယောနကိုပင်လယ်ထဲသို့ ပစ်ချကြသည်။

အဘယ်ကြောင့်တောင်းပန်သနည်း။
ယောန၌ အပြစ်မရှိဟု သူတို့ သိမြင်သောကြောင့်၊ အပြစ်မရှိ သောသူကိုပင်လယ်သို့ ပစ်ချ ခြင်းဖြင့်
ဘုရားသခင်၏ အမျက်တော် သူတို့ ၌ ကျမည် ကို စိုးရိမ် ကြောက်ရွံ့ ကာ တောင်းပန်ခြင့်း ဖြစ်သည်။ ထို့ အပြင်ယောနသည် ခိုးခြင်း၊ ဓါးပြတိုက်ခြင်းစသည့် ဒုစရိုက် အပြစ်များ
ကျူးလွန်သူမဟုတ် သဖြင့် လူ့ အမြင်၌ အပြစ်မရှိ ကြောင်း၊ ပရောဖက်ဖြစ် ၍ ဘုရား၏ လူဖြစ်နေ
သည့်အကြာင်းကြောင်း ကြောင့်ဘုရားသခင် ကိုတောင်းပန်ကြခြင်းဖြစ်သည်။
*လူ့ အမြင်ဖြင့် အပြစ်ကိုတိုင်းတာရာတွင် သီလကျင့်ဝတ်
လူ့ကျင့်ဝတ်များ ဖြင့်တိုင်းတာကြောင်း သတိပြုမှတ်သားထိုက်သည်။
ဘုရားသခင်အမြင်၌ဘုရားစကားကိုနားမထောင်ခြင်းသည်အပြစ် ဖြစ်သည်။
လူ့ကျင့်ဝတ်များ ဖြင့်တိုင်းတာကြောင်း သတိပြုမှတ်သားထိုက်သည်။
ဘုရားသခင်အမြင်၌ဘုရားစကားကိုနားမထောင်ခြင်းသည်အပြစ် ဖြစ်သည်။
ယောန ဟူ သောအမည်မှာ" ချိုး ငှက်"ဟု အဓိပ္ပါယ် ရှိရာ၊ဘုရားသခင်၏ ပရောဖက်များသည် ဖြူစင်ရမည် ဟု ဖေါ်ညွှန်းနိုင်သည်။
*လူသားတို့ ၏ ဖြူ စင်ခြင်း ဆိုသည်မှာအပြစ်ဒုစရိုက်ကင်းအောင်ကျင့်ကြံကြိုးစား အား ထုတ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဖြူစင်ခြင်းဆိုသည်မှာဘုရားစကားကိုနာခံလိုက်လျှောက်ခြင်း ဖြစ်သည်။ စိတ်ထားဖြူစင်ရန်လည်း လိုအပ်ပါသည်။ သို့ မှ ဘုရားစကားသည် သူ အားဖြင့်၎င်း၊ သူ့ အသက်တာ၌ ၄င်း ဘုန်းတော်ထင်ရှားမည်။

ဘုရားသခင်သည် သစ္စာနှင့်
အညီ ဆုံးမသွန်သင်သော ဘုရားဖြစ်သည်။ ထို့ ကြောင့် ယောနကို ပင်လယ်ထဲပစ်ချသည့် အချိန်တွင်ယောနဆီ
ကို ပင်လယ်ထဲမှ ငါး ကြီးတစ်ကောင် ပို့ ဆောင်ခဲ့ပြီး၊
ယောန ကို မျို စေခဲ့သည်။ ယောနသည် ငါးကြီးဝမ်း ထဲ၌ သုံးရက် ပတ်လုံး အသက်ရှင်လျက် နေ
လေ၏။ ယောနသည် ငါးကြီးဝမ်းထဲမှ ဆုတောင်း သည့်အခါ
ငါးကြီးသည် ဘုရားသခင်၏ အမိန့် တော် ကိုခံ၍၊
ယောနကို ကုန်း ပေါ် သို့ အန်လေသည်။
တဖန် ထာဝရဘုရား၏ အမိန်
့တော်သည် ယောနသို့  ရောက်လာသည်ကား --
“ သင်ထ၍ နိနဝေမြို့  သို့  သွားလော့။ ငါမှာ သည့်အတိုင်း ကြွေးကြော်လော့။”ဟု
မိန့် တော်မူ၏။ ယောနသည် ဤတစ်ကြိမ် တွင် ဘုရားသခင်စေလွှတ် သော နိနဝေမြို့  သို့ သွား၍၊ ဘုရား စေခိုင်း သည့် “ -- --- အရက်
လေးဆယ်လွန်သော် နိနဝေမြို့ ကြီးသည် ပျက်စီးခြင်းသို
့ရောက်လိမ့် မည်” ဟု လမ်း၌ ကြွေးကြော်လေသည်။ နိနဝေမြို
့သား များ နှင့် ရှင်ဘုရင်သည် ကြား သိပြီး၊ နောင်တ နှင့် အပြစ်များဝန်ချ ကာ
အစာရှောင်ဆု တောင်းကြသည်။ နိနဝေမြို့ သားတို
့၏ အစာရှောင်ဆု တောင်း ခြင်းသည် အပြစ်ကို ဝန်ချရုံ သက်သက်မဟုတ်ဘဲ၊ အပြစ်မှ ကင်းလွတ်ရန်ပါဆုတောင်း
ခြင်းဖြစ်သည်။ ထို့ ကြောင့် သူတို့ ၏ အသက်တာ၌ ပြောင်းလဲ ခြင်း ရှိကာ၊ မှန်သောလမ်းပေါ်
သို့ လျှောက်ခဲ့ ကြသည်။ ဘုရားသခင်သည် နိနဝေမြို့ သားတို့ ၏ အဓ္ဓမ လမ်းကို လွဲရှောင် သော အကျင့်များ
ကို မြင်သော အခါ အပြစ်ပေးမည့် ဘေးဒါဏ် မှ ကင်းဝေးခွင့် ကို ပေးတော်မူ ခဲ့သည်။
ဤ အကြောင်းအရာမှ စာရေးသူ
ဆင်ခြင်မိသည့် အချက်များမူကား --
၁။ ဘုရားသခင်သည် လူသားအားလုံး
ကို ချစ်တော်မူသည်။( ဆာလံ; ၁၄၅း၉ ) နိနဝေမြို
့သားတို့ သည် ထာဝရ ဘုရားကို ကိုးကွယ်သောသူများမဟုတ်ကြပါ။ သို့ သော် သူ တို့ 
လမ်းလွဲ လာသည့် အခါ ဘုရားသခင်သည် သူတို့ ကို မှန်သော လမ်းသို့ လျှောက်စေလိုသည်။ ထို
့ကြောင့် ဘုရားသခင်သည် အပြစ်မပေးမီ သတိပေးတော်မူကြောင်းလည်းဆင်ခြင်မိသည်။
၂။ ဘုရားသခင်၏ ပရောဖတ်သည်
ချိုးငှက်ကဲ့သို့  ဖြူစင်သော အသက်တာနှင့် ရှင်သန်ရမည်။
၃။ အစာရှောင်ဆုတောင်းသည့်အခါ အပြစ်ဝန်ချခြင်းဖြင့်ပြစ်ဒါဏ်မှလွတ်ရန်သာမက
အပြစ် ပြု မိသည့်အခြေအနေမှကင်းဝေးရန် ဆုတောင်းခံပြီး၊ အသစ်သော အသက်တာနှင့် ရှင်သန်ရန်လိုသည်။ ယောန ၃း၁၀; “မြို့ သားတို့ သည် မိမိတို့ လိုက်သော အဓ္ဓမလမ်း ကိုလွဲ ရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ အရင် ခြိမ်းသောဘေး ကို မပေးဘဲ နေတော်မူ၏။” ဟု ဖေါ်ပြသည်။

၎။ထာဝရဘုရားကို မသိသော
မကိုးကွယ်သော နိနဝေမြို့ သားများကို ဘုရားသခင်သည် အပြစ်မပေးမီ နောင်တနှင့် ပြုပြင်ခွင့်ကိုပေးသည်။သတိလည်းပေးသည်။အပြစ်မှကင်းလွတ်ခွင့်လည်းပေးသည်။
ဘုရားသခင်သည်ကြီးမြတ်သောသဘောထားပြည့်စုံသောကြောင့်၊လူသားတိုင်း ခိုလှုံ နိုင်သည်၊ ကိုးစားနိုင်သည်။
၅။ ဘုရားသခင်၏ ပရောဖက်တို့ ရဲ့  စွမ်းအား ( ability )သည် မိမိတို့ ၏ လုပ်ဆောင်နိုင်သော ခွန်အား (strength ) အပေါ်၌ မူမတည်။
ယောန ၃:၄; “ နိနဝေမြို့ သည် အလွန်ကြီးသောမြို့ ၊ သုံးရက်ခရီး ကျယ်ဝန်းသောမြို့ ဖြစ်သတည်း။
ယောနသည် မြို့ ထဲသို့  ဝင်၍ တနေ့ ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော် နိနဝေမြို့ သည် ပျက်စီးခြင်းသို့ ရောက်လိမ့် မည် ဟု ကြွေးကြော်လေ။” ဟု ဖေါ်ပြထားသည်။
သုံး ရက်ခရီး သွားမှ မြို့ အနှံ့ ရောက်မည်။သို့ သော် ယောနသည်တနေ့ ခရီး သာသွားနိုင်ခဲ့သည်။ သို့ သော်နိနဝေ မြို့ ကြီးသည် ဘုရားသခင်၏ အမျက်တော်ဘေး မှ ကင်းလွတ် ခဲ့သည်။
အကြောင်းမှာယောနသည်တနေ့ခရီးသာသွားနိုင်သောခွန်အား ဖြင့်ဘုရား စကားကိုနာခံ ပြီး၊
ဟစ်ကြွေးခြင်း အမှု (work)ကို ပြုခဲ့သည်။
* ထို့ ကြောင့်ပရောဖက်တို့ ၏စွမ်းအားအလှတရားသည် မိမိတို့ ၏လုပ်နိင်သောဥာဏ်စွမ်းအား နှင့်ကာယခွန်အားအပေါ်၌မူမတည်။ဘုရားသခင်၏စကားကို
နာခံလိုက်လျှောက်ခြင်း(obey) နှင့် လုပ်ဆောင်ခြင်း (work) အပေါ်၌မူတည်သည်။

ဂျူးးဂျူးး လေး။ (၂၈ ၊ ၄ ၊ ၂၀၁၅)
တျမ်း ကိုး ။ ။ ( ၁
) သမ္နာကျမ်းစာ မှ ယောန ဝတ္တု (အခန်း ၁ - အခန်း ၃ အထိ)
( ၂ ) Commentary in one volume
(Matthew Henry)
No comments:
Post a Comment