အိပ်မက်ဆိုသည်မှာ လူ့ ခန္ဓာကိုယ် အနားပေးအိပ်စက်သည့်အချိန်တွင် ဦးနှောက်သည်အနားမပေး
သောကြောင့် ဖြစ်ပေါ်သော ဖြစ်စဉ်တစ်ခုဖြစ်သည်။
အိပ်မက်ဆိုသည် မှာ နိုကြားနေစဉ် တွေ့ ကြုံခဲ့ သော အဖြစ်အပျက်များသည် မသိစိတ်ထဲသို့ ရောက် သွားပြီး၊ ညအိပ်သည့်အခါ အိပ်မက်သဖွယ်ပြန်ပေါ်လာခြင်း ဖြစ်သည်။ကြောက်ရွံ့  စိုးရိမ်မူများ သည် အိပ်မက်ဆိုးသဖွယ်ပေါ် လာတတ်သည်။
ကျွန်ုပ်တို့  သည် အသက်လေး ငါးဆယ်ကျော်သည့် တိုင်အောင် မက်လေ့ရှိသော အိပ်မက်ဆိုးတစ်ခုမှာ စာမေးပွဲ မဖြေနိုင် သောကြောင့် လန့် လန့် နိုးနေသည့် အိပ်မက်ပင်ဖြစ်သည်။
သားသမီးများရရှိပြီးသည့်တိုင်အောင်လည်းကောင်း၊၊ရာထူးရာခံ ကြီးကြီးပိုင်ဆိုင်လုပ်ကိုင်နေကြသည့်
တိုင်အောင်လည်းကောင်း၊ လူ့ ဘဝ ထဲမှာ ကျရာနေရာအခန်းကဏ္ဌာ မှာ ပါဝင်နေကြသည့် တိုင်အောင်လည်းကောင်း၊ စာမေးပွဲအိပ်မက်ဆိုး သည် မက်နေကြဆဲ။ လူ့ လောကထဲမှာ စိတ်ဖိစီးမှု များ တွေ့ ကြုံသည့် အခါ ၊ အလုပ်များ များ၍ ပင်ပန်းနွမ်းနယ်ပြီး အိပ်ရာဝင်သည့်အခါ ငယ်စဉ် စာမေးပွဲ အတွေ့ အကြုံသည် အိပ်မက်ဆိုးသဖွယ် ခြောက်လှန့်  နေ ကြ ဆဲ ။
သို့ ဖြစ်၍ စာမေးပွဲအိပ်မက်ဆိုး များနှင့် ပတ်သက်သည့် အောက်ပါ အကြောင်းရင်း အချို့ ကို တတ်နိုင်သမျှ ဖြေရှင်းသွားကြလျှင် အိပ်မက်ဆိုးများမက်ခြင်းကို အတော်အတန်ခြေဖျက်နိုင်ကောင်းအံ့။
၁။ ဥာဏ်ရည်
လူတစ်ဦးနှင့် တစ်ဦး ဥာဏ်ရည်အနိမ့်အမြင့် ကွားခြားသည်။ထို့ ကြောင့် တချို့ ကျောင်းသားများသည် ဆရာ က သင်္ချာပုစ္ဆာ မေးခွန်း ရေး မပြီးမီ အဖြေကသိ နေပြီ။ မိဘဆရာများသည် မိမိတို့ ကလေး၏ ဥာဏ်ရည် ကို သိရှိနေသင့်သည်။ မည်သည့်ဘာသာရပ်မှာ အားနဲလဲ။မည်သည့်ဘာသာရပ်မှာ အားသန်လဲ အမှတ်စာရင်းတွေကို အလေးထားရမည်။ ဥာဏ်ရည်နိမ့်ပါက အားပေးခြင်း ၊ စိတ်ရှည်ခြင်းဖြင့်ကူညီရမည်။
ဒီ လောက်လွယ်တာများနားမလည်ဘူးလား စသည့် အပြစ်တင်ခြင်း ကို လုံးဝ မပြုအပ်ပါ။
ယုန်နှင့်လိပ် ပုံပြင်သည် အပျင်းကြီး သော စိတ်ကို ဖယ်ရှားစေသည်သာမကပါ ဇွဲ ကိုပါ သင်ပေးသည်။
ပုံပြင်ထဲမှ အပြေးသန်သောယုန် ကို ဥာဏ်ကောင်းသော ကျောင်းသားနှင့်တူသည်။ နှေးသော လိပ်ကလေး ကမူ ဥာဏ်ရည် မမြင့်သော ကျောင်းသား ဆိုပါစို့ ။ ယုန်ကလေးကမြန်ပြီး ဝီရိယနည်း တယ်၊ လိပ်က နှေး သော်လည်း ဇွဲရှိတယ်။ သင်ယူမှု နှေးပင်မယ့် လိပ်ကလေးလို ဇွဲ ရှိပါ ကတနေ့ ပန်းတိုင် ရောက်မည်စသဖြင့်အားပေးပါ။
၂။ သင်ပြမှု
ပညာရေး စံနစ်အားနည်းကြောင်းမကြာခဏ ကြားနေရသည်မှာ ကြာပြီဖြစ်သော်လည်း ကြိုးစား
ပြု ပြင်နေကြဆဲဖြစ်သည်။ "တပည့်မကောင်းဆရာ့ခေါင်း" ဆိုသည့်စကားပုံသည် ကျောင်းသားများ၏ စာရိတ္တပိုင်း ထက်၊ယခုခေတ်တွင် သင်ကြားသောဆရာဆရာမများ ၏ သင်ကြားမှု အပေါ်ပို ပြီး အလေးစောင်းနေသယောင်ရှိ နေသည်။
ဆရာဆရာမဆိုသည်မှာ အသိအမှတ်ပြု လက်မှတ်ရထားသူများဖြစ်သည်။ ယနေ့  ဆယ်တန်းအောင်
ဂုဏ်ထူးဆောင် ကျောင်းသားများပင် guide လုပ်နိုင်သေးသည်ကို ကြည့်ခြင်းဖြင့်၊ သူတို့ ကို သင်ပေးသော ဆရာများ အရည်အချင်း သိနိုင်သည်။ သို့ သော် အားနဲချက် ဆိုသည်မှာ လူတိုင်းမှာရှိတတ်ပါသည်။ ဆရာဆရာမများ တွင်လည်းရှိနိုင်ပါသည်။
သို့ သော် အားနဲခြင်းအပေါ်စိတ်ဓါတ်ကျရန်မလိုပါ။ တကယ်မိမိသင်ယူခဲ့သော ပညာရပ်တွင်အား နဲသည်လား ၊ သင်ကြားမှု ဆိုင်ရာ အားနဲသည်လား၊ ဆန်းစစ်ပြီး သင်ယူခဲ့ မှု ၌ အားနဲခဲ့သည် ဆိုလျှင် အလုပ်ခွင် ပြင်ပ အချိန်၌ ဆက်လက်လေ့လာနိုင်သည်။ မိမိတို့ ဘာသာရပ်၌ မိမိတို့ ကိုယ်တှိုင် အားရမှုရှိ လျှင်(သင်ယူခဲ့မှု၌ အားရ ကျေနပ်မှုရှိပြီဆိုလျှင်)၊ သင်ကြားမှု (မိမိတို့ ၏ သင်ပြမှု ) ကို ပြန်သုံးသပ်သင့်သည်။
သင်ကြားမှု ပိုင်းဆိုသည် တွင် ဆရာဆရာမများသာမက ဘာသာရပ်ကိုတာဝန်ပေးသော ကျောင်းအုပ်များ လည်း ပူးပေါင်း ဆောင်ရွက် သင့်သည်။နှစ်တနှစ်အတွက် ဆရာ ဆရာမများ ကို တာဝန်ခွဲသည့် အခါ သင်ယူခဲ့သည့်ဘာသာရပ်အလိုက် တာဝန်ခွဲ ပေးခြင်း မျိုး ပြုသင့်သည်။ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများသည် သူတို့  အားသန်သော ဘာသာရပ်ဖြစ်ပါက သင်ကြားပေးသူ ရော သင်ယူသူပါ ပို၍ အကျိုး ရှိပေမည်။ ဆရာ ဆရာမ မလုံ လောက်သော နေရာများတွင် ဤ သို့  လက်တွေ့  လုပ်ဆောင်နိုင်မှု အားနည်း နေဦးမည်။
အင်တာနက်ခေတ်ဖြစ်လာသည့်အတွက် မိမိတို့ လိုအပ်သည်များ ကို အင်တာနက်ပေါ်မှာ အလွယ်တကူရှာ ဖွေလေ့လာနိုင်ပြီ ။ ဖုံး အင်တာနက်များ၊ အင်တာနက်ကဖီးဆိုင်များ တွင်ကျယ်လာသည့် အချိန်သည် မသိသူကျော်သွား ဂိမ်းကစား၊ သိသူဖေါ်စား အသိပွား သောခေတ်ဖြစ်ပေသည်။
တ ချို့ ကျောင်းသားများသည် ဆရာများထက်ဘဝပေး အခြေ အနေ မြင့်သည့် အခါသင်ထောက် ကူ ပစ္စည်း (ဥပမာ. အိမ် တွင် အင်တာနက်သုံး နိုင်သည့်) အား ပိုကောင်းတတ်သည်။ ဆရာများ အနေဖြင့် အင်တာနက်ကဖီးဆိုင်တွင် သွားထိုင်နိုင်သော်လည်း၊မအား၍ ၄င်း၊အကြောင်းအမျိုး မျိုး ကြောင့်မသွားနိုင်ပါ က ကျောင်းသား များ ကို သူတို့ အင်တာနက်မှ ရရှိသည့်အချက်အလက်များကို နှစ်ဦးထဲဆွေးနွေးကြည့်ပါ။
တနင်္ဂနွေ ဥပုသ် စာဖြေကျောင်း မှာ ဆရာမ အဖြစ်ပါဝင်ခဲ့စဉ် က ကြက်ဥပြုတ်ကို ကလေးများအား ကျွေးသည့်နေ့ တနေ့ ကို မှတ်မိနေသည်။ ကလေးတယောက်သည်အခြားကလေးများ ကဲ့သို့ ကြက်ဥကို စားပွဲနှင့်ခေါက်ပြီး အခွံကို ခွာခြင်း မဟုတ်ဘဲ၊ လက်ဖဝါးနှစ်ဘက်ထဲ ၌ဆုပ်ကိုင်ပြီး အားနှင့်ဖိ လိုက်ရာ၊ အခွံများ အားလုံးနီးပါးကွဲကြေ သွားရာ နှစ်ချက် လောက်နှင့်လွယ်ကူစွာ ခွာပြီးသွားသည်။ တခါတရံ တပည့်လေးများထံတွင် သူတို့ အတွေ့ အကြုံ များမှ ဆရာမတွေ အတွက် မှတ်သားစရာလေး တွေ၊ သတိရစရာလေးတွေ ရရှိတတ်သည်။ ဆရာ၊ဆရာမဆိုသည်မှာ အားလုံးတတ်သိနေရမည် ဟု လည်း မိဘတို့ ဘက်က မမျှော်သင့်သလို ဆရာ ဆရာမ ကိုယ်တိုင်ကလည်း ထာဝရ ကျောင်းသားကြီးများဖြစ်သည် ဟု မှတ်ယူသင့်သည်။ တိုးတက်နေ သော အင်တာနက် ခေတ် မှာ အသိပညာရပ်၊ နည်းပညာရပ် များစွာ ပေါ် နေသည့် အတွက် အမြဲလေ့လာ နေ ရသည်။ တခါတရံ ဆရာများ မမြင်သည့် အချက်များ ကို ကျောင်းသားများမြင်တတ်သည် ကို လက်ခံပြီး အား ပေးသင့်သည်။
၃။ အမှတ်ပေးစံနစ် နှင့် မေးခွန်းပုံစံ
စာမေးပွဲ တိုင်းမှာ အမှတ်ပေး စံနစ်သည်အရေးကြီးသည်။ မိမိတို့ မေးခွန်းတစ်ခုစီ ကို ဖြေမည့် အဖြေအတွက် အမှတ်ပေးစံနစ် ရှိထားရမည်။ ပညာရေးတက္ကသိုလ် ဆရာဖြစ်သင်တန်း ကျောင်းဆင်းများ မှာ သိရှိပြီး ဖြစ်သော်လည်း၊ ဝိဇ္ဇာ ဘွဲ့ ၊ သိပ္ပံ ဘွဲ့  -- ဘွဲ့ ရ ပြီး ကျောင်းဆရာ လောကသို့ ဝင်လာသူများ သည် ဘာသာရပ်ကိုကျွမ်းကျင်ထားသည့် အတွက် ဘာသာရပ်သင်ကြားရေးကိုသာ ဦးစားပေးတတ်ကြသည်။ ထိုအခါ အမှတ်ပေးစံနစ် နှင့် ပတ်သက်၍ အားနဲမှု များရှိလာတတ်သည်။
အထက်တန်းပညာနှင့် အဆင့်မြင့်ပညာရေးတွင် အမှတ်ပေးစံနစ်ကို စာမေးပွဲမဖြေမီ ၃လ နှင့် ၂လ ထက် မလျော့  သော အချိန်(revision time )မှာ ဖြေဆို မည့် သူ များ ကို ရှင်းပြသင့်သည်။ အမှတ်ရ အောင်၊ ဂုဏ်ထူး ထွက်အောင်ဖြေဆို နိုင်မှု ကို အထောက်အကူပြု သည်။
မေးခွန်းပုံစံ
(၁) ကျောင်းသားတစ်ယောက်စာမေးပွဲဖြေဆို နိုင်မှု သည် မေးခွန်းပုံစံ သဘောပေါက်မှု အပေါ်၌ များစွာတည်သည်။ မေးခွန်းဖြေဆိုနည်း ကို ဘာသာရပ်ဆိုင်ရာ ဆရာများ က အလေးထားပြီး သင်ပေးမည် ဆိုပါက ဖြေဆိုသူကို အထောက်အကူပေးသည်။
(၂) စာမေးပွဲ မတိုင်မီ အမှတ်ပေးစံနစ်ကို ၂လ၊ ၃ လ အလိုတွင် ရှင်း ပြ သကဲ့သို့  မေးမည့် မေးခွန်း
ပုံစံကို ကြိုတင် ပြောပြသင့်သည်။ မေးခွန်းများ ပြောပြရမည် ဟု မဆိုပါ။ မည်သည့် သင်ခန်းစာမှ ဓမ္မဓိဌာန်ပုံစံ၊မည်သည့်သင်ခန်းစာမှ မေးခွန်းတို၊ မေးခွန်းရှည် မေးမည် စသဖြင့် ကြိုတင်အသိပေးပါက စာဖြေသူ ကို အထောက်အကူပြုသည်။ မေးခွန်းဟောင်းများကို လေ့လာခြင်းသည်လည်း ဖြေဆိုသည့် အခါအထောက်အကူဖြစ်သည်။
(၃) မေးခွန်းပုံစံသည် စံရှိရမည်။ မြို့ နယ်စစ်ဆိုလျှင် မြို နယ်တွင်း ဖြေဆိုသူအာာလုံး၏ မေးခွန်းတူရမည်။
တိုင်းစစ်ဆိုလျှင် တိုင်း အလိုက်၊ အစိုးရ စစ်ဆိုလျှင် တပြည်လုံး မေးခွန်းတူရမည်။ သို့ မှသာ တက္ကသိုလ် ဝင်ခွင့် အမှတ်များသတ်မှတ်သည့်အခါ ဖြေဆိုသူအတွက် မျှတပေမည် ။
ဝန်ထမ်းစာမေးပွဲများ ရာထူး တူ အတွက်မေးလျင် လည်း စာစစ်ဌာနနေ ရာလိုက်၍ ၄င်း၊ ပြည်နယ်လိုက်၍ ၄င်း မေးခွန်း မကွဲပြားသင့်ပါ။ မေးခွန်းလွယ်ကူခြင်း ခက်ခဲခြင်း များရှိနိုင်သည့် အတွက် ဖြေဆိုသူ များ အတွက်မျှတ ရန် မေးခွန်းတူရ ပေမည်။
(၄)မေးခွန်းထုတ်သူသည် လည်း မေးခွန်းထုတ်တတ်ရန်လိုသည်။ ကိုယ်မေးသည့်မေးခွန်း နှင့် ပေးထားသော အမှတ် မျှ၊ မမျှ သတိပြု ရန်လိုသည်။ ဖြေဆိုသူ၏ ဖြေဆိုချိန်နှင့် ကိုက် မကိုက်၊ မေးတတ်ရမည်။ ကျောင်းစာမေးပွဲများအတွက် မေးခွန်းထုတ်သူများသည် အတွေ့ အကြုံ ရှိကြ သော်လည်း၊ရုံးများ နှင့်ဌာနဆိုင်ရာစာမေးပွဲများတွင် မေးခွန်းနှင့်ဖြေဆိုချိန်မကိုက်အောင်ကို
မေးတတ်သည်။ ရုံးတွင်းစာမေးပွဲ မေးခွန်းထုတ်သူများသည် မိမိတို့ မေးခွန်းဖြေမည့်သူကို မေ့ ပြီး အမှုထမ်းငယ်ရာထူးများအတွက်မေးခွန်းများကို အလွန်မြင့်စွာမေးတတ်သည်ကိုလည်း တွေ့ ရတတ်သည်။ မဖြေနိုင်အောင်တမင်မေးသလား၊ သို့ မဟုတ် မိမိကိုယ်သူများအထင်ကြီးစေရန် တမင်မေးနေရော့လား ထင်ရ၏။
၎။စာမေး ပွဲခန်း စောင့် နည်း၊
ကျောင်းသားများစာမေးပွဲဖြေသည့်အခါလိုက်နာရမည့် စည်းကမ်းများကို ပတမဆုံး နေ့  မှာ ဖတ်ပြလေ့ရှိသည်။ စာမေးပွဲ စောင့်ဆရာဆရာမများ ၏ လိုက်နာသင့်သော အချက်များကို မူ စာမေးပွဲခန်း မဝင်မီ၊စာစစ်မှူး မှ မှာကြားသင့်သည်။ စာစစ်မှူးကိုယ်တိုင်လည်းသူ ၏တာဝန်သည် မေးခွန်း အပိုင်း စုံမစုံ စာမေးပွဲမစမီ စီစစ်ထားရမည် ကို သတိပြု သင့်သည်။ ဤ အချက်သည် နိုင်ငံခြားစာစစ်ဌာန
များမှ စာစစ်မှူးများသတိပြုသင့်သောအချက်ဖြစ်ပေသည်။နိုင်ငံခြားစာစစ်မှူးများသည် ပညာရေးဝန်ထမ်း
မဟုတ် ရုံးဝန်ထမ်းများ ဖြစ်သဖြင့် ဤ အချက်ကို အထူးသတိပြုသင့်သည်။ စာမေးပွဲ မေးခွန်းလွှာ မစုံသော
ကျောင်းသားတစ်ဦးသည် အမှတ်ဘယ်မှာ ရ နိုင်တော့  မည်နည်း။ စာမေး ပွဲ အောင်ချေ မရှိ။
အချိန်ကိုကြေငြာခြင်း - စာမေးပွဲစောင့် ဆရာဆရာမတိုင်း သည် ဖြေဆိုချိန် မပြည့်မီ နာရီဝက် ( ၃၀ မိနစ်)
အလိုတွင်တစ်ကြိမ် ၊ ၁၅ မိနစ်အလိုတွင်တစ်ကြိမ် သတိ ပေး ရသည်။ သတိပေးလေ့ရှိ သည် မှာ ကောင်းပါသည်။ သို့ သော် စာမေးပွဲ ဖြေဆိုသူများ သည် မိမိတို့ ကျောင်း မှ မဟုတ် ဘဲ အခြား မိမိတို့ ကျောင်းနှင့် ပြိုင် ဘက်ကျောင်းမှ ဖြစ်ပါ က တိတ်ဆိတ်နေသောစာမေး ပွဲအခန်းတွင်း လန့် အောင် အော်၍ သတိပေးခြင်း၊ မိနစ်၃၀ တကြိမ်၊ မိနစ်၂၀တကြိမ်၊ ၁၀မိနစ်တကြိမ် --စသဖြင့် ဖြေဆိုသူ စိတ်အနှောက်အယှက်ပေးသည့် သတိပေးခြင်းမျိုး မဖြစ်ရန် လိုပေသည်။
စာခိုးချသူကို ဖမ်းနည်း - အကျွု ပ် ၏ အတွေ့ အကြုံကို အလျှင်းသင့်၍ ရေးသား ဝေမျှလိုပါသည်။
စိတ်ပညာ ပါမောက္ခ ဒေါက်တာကျော်စိန် ၏ မှာကြားမှု ဖြစ်ပါသည်။
စာခိုးချသူ တွေ့ ပါက တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပြီး ပါ က စာမေးပွဲ ခန်းမှ ထုတ်လေ့ရှိသည်။
တက္ကသိုလ် မှာ စာခိုး ချလျှင် နှစ် ချီ ဖြေဆိုခွင့်ပိတ်သည်။ ကျောင်းသား စိတ်လေသွားနိုင်သည်။ စာမေး ပွဲ ကျလျှင် နောက်နှစ်ပြန်ကြိုးစားခွင့်ရှိသည်။ စာနှင့်လည်းမပြတ်သည့်အတွက်အောင်နိုင်ချေရှိသည်။ ဆင်းရဲသော မိဘဖြစ်ပါက သနားဖို့ ကောင်းသည်။ စာခိုးချသူ နှင့် စာပြပေးနေသူ တွေ့ ပါက သူတို့ နား
မှာ မတ်တပ်ရပ်ပါ။ သူတို့ ဆက်မခိုးချဘူးဆိုမှ ဆက်ပြီး လမ်းလျှောက်ရင်းစောင့်ပါ။ ဒါမှ မရ ဆက်ခိုးနေသည်ကို တွေ့ လျှင် ခိုးချနေသူ ၏ စားပွဲ ကို လက်ညှိုး နှင့် အသံ မမြည်အောင် ၃ချက် ၄ချက် ထောက်ပါ စာခိုးချသူ က ကြည့်ပါလိမ့်မည်။ ထိုအခါ လက်ညှိုး ထောင်ပြီး သတိပေးပါ။ အသံတိတ် အချက်ပြသတိပေးခြင်းဖြစ်သဖြင့် အခြားစာဖြေသူများကို အနှောက်အယှက် မဖြစ်စေတော့ပါ။ ဒါမှ မရဘူးဆိုလျှင်တော့ ၊ စာစစ်မှူးး သို့မဟုတ် စာမေး ပွဲ စောင့်သည့် အခြားဆရာတစ်ဦး နှင့် တိုင်ပင်ပြီး၊ ထိုသူနားမှာမိနစ်အတန်ကြာတောက်လျှောက်ရပ် စောင့် ပေးရန် ဖြစ်သည်။ထိရောက်သောနည်းဖြစ်ပါသည်။
စာဖြေသူများ အေးချမ်းစွာဖြေဆိုခွင့် ရရှိခဲ့ခြင်းသည်လည်း ကျောင်းသားများ အတွက်အိပ်မက်ဆိုး တစ်ခုမှ လွတ်မြောက်စေ နိုင် သည့် နည်းတသွယ် ဖြစ်ပေသည်။
ယခုခေတ်တွင် စာဖြေမည့်ကျောင်းသူ ကျောင်းသားများထက်၊ မိဘတို့ တွင် မိမိတို့ သားသမီးများ ၈တန်း၊ ၉တန်း၊ ၁၀တန်း ရောက်ပြီဆိုသည်နှင့် သူတို့ ၏ ကျူ ရှင် စရိတ် ဘော်ဒါစရိတ်အတွက်
ကြီးစွာသောသောကအိပ်မက်ဆိုးများ မက်နေကြရသည်။ စာမေးပွဲ အောင်စာရင်းထွက်သည်နှင့် သောကအိပ်မက်များမှ နိုးထ ကါ ဝမ်းမြောက်သောသူများရှိ သကဲ့သို့  စာမေးပွဲ မအောင်သော ရင်သွေးတို့ အတွက် ကြိတ်ငို နေ သည့်ခက်ခဲသောမိဘတို့ ၏ငိုသံသည် လည်း၊ နိုးလျက်မက်နေရ သော စာမေးပွဲအိပ်မက်ဆိုး ဟုပင်ဆိုရ ပေမည်။
ဂျူးဂျူး လေး။ ( ၂၄ ၊ ၆၊ ၂၀၁၅)
No comments:
Post a Comment