ကမ္ဘာ လောက တည်စ က ပင် လူသား အာဒမ်သည် ဘုရားစကားကို နားမထောင် သဖြင့် ဘုရားသခင် အပြစ်ပေးသည် ကိုခံရသည်။ အပြစ်ပြု ရန် မြွေသဏ္ဌာန်အသွင်သို့ ပြောင်းပြီး အာဒမ် နှင့်သူ၏မိန်းမ ဧ၀ ကို သွေးဆောင် ခဲ့သော စာတန် ကို လည်းကောင်း၊ ဖျားယောင်းခံသော ဧ၀ ကို လည်းကောင်း အပြစ်ပေးခဲ့ သည်။ အပြစ်ပြု ၍ အပြစ်ပေးခံ ရသည် မှာ မဆန်းပါ။ သို့ သော် အပြစ်မရှိသော မြေမှာ လူသား ကြောင့် အပြစ်ပေးခံ ရသည်။ ကမ္ဘာဦး ကျမ်း ၃း ၁၇,၁၈; " ---မြေသည်သင်( အာဒမ်)၏ အတွက် ကျိန်ခြင်းခံလျက်ရှိ ၏။ ---- ဆူးပင်အမျိုးမျိုးတို့ ကိုလည်း သင် အဖို့  ပေါက်စေမည်။ " ဟု မြေသည် လူသားအပြစ်ကြောင့် အပြစ်ပေးခံခဲ့ရသည်။ မြေသည် ဘုရားသခင်ဖန်ဆင်းထားသည့် အ လျောက်
သူ၏ သဘာဝအတိုင်း ကောင်းသော အသီး ကိုသီး သော အပင်များ ရှင်သန်ရာမြေ မှာ လူသား ၏ အပြစ် ( သူတပါး၏ အပြစ်)ကြောင့် ဆူပင်အမျိုးမျိုး ပေါက် ခြင်း ခံ ခဲ့ ရသည်။
ယနေ့  ကျွန်ုပ်တို့ အသက်ရှင် နေ ထိုင် သွားလာ ဆောင်ရွက် နေစဉ်မှာ ပင် မြေမှာ ဆူး ပင် ပေါက် သကဲ့သို့  ကျွန်ုပ်တို့  နှလုံးသား မှာ နာကျင်သော ဆူးပင်များ ပေါက်နေတတ်သည်။
မိမိ က ကောင်းတာ လုပ်နေပါ လျက် ----
စိတ်တို အောင်ပြု သော သူ ( စာတန်၏ သား သမီးများ ) ကြောင့် စိတ်တိုမိ ခြင်း၊
မိမိ က အေးချမ်းစွာ နေပါလျက် ----
မိမိခင်ပွန်း ၊ဇနီး တို့ အနီးအပါး၌ သွေးဆောင် ဖျားယောင်းသူ များ ( နတ်ဆိုး ၏ သားသမီး များ) ကြောင့် သ၀န်တို မိ ခြင်း၊
မိမိက ယုံကြည်စိတ်ချစွာ နေပါလျက် --
ကာမပိုင် ရှိသော ခင်ပွန်း၊ ဇနီး (သို့ ) သူတပါး သား၊ သမီး များ ကို မနောကံစိတ်ဖြင့် ဖြစ်စေ ကာယကံ ခိုးယူ ပေါင်းသင်းသော သူ( စာတန်၊နတ်ဆိုး နှင့် တဏာရာဂ = evil desire ၏ သား သမီး များ) ကြောင့်ငို ကြွေးကြေကွဲ နေခြင်း၊
မိမိ က ရိုးသားကြိုးစား နေပါလျက် ---
အမြတ်ထုတ်ခေါင်းပုံဖြတ်သော သူ၊ မတရားသောနည်းဖြင့် နှောက်ယှက်သောသူ၊( စာတန်နှင့် လောဘ ကြီး သောစိတ် =greedy mind တို့ ၏ သား သမီးများ)တို့  ကြောင့် ဆုံးရှုံး ခံရ ခြင်း ၊
မိမိက သဘောထား မှန်ပါလျက် ---
ကောက်ကျစ်သောသူ (wicked person)၊ စဉ်းလဲသောသူ ( canning person)၊ မနာလိုသောသူ(jealous person) တို့ ၏ ထိုး နှက် ချက် ကြောင့် ပါတ်ဝန်းကျင်၏ အမြင် မှား ခံနေရခြင်း၊
မိမိတို့  စစ်မှန် သော ဘုရား ကို ကိုးကွယ်နေပါ လျက် ---
အောက်လမ်းနည်း အထက်လမ်းနည်း ထူးဆန်းသော အတတ် (sorcery)၊ စုန်းကဝေ (witchcraft) ၊ ကျိန်ဆဲခြင်း (spell) ပြု စားခြင်း ( divination) အတတ်များ ကို သုံးလျက် ဘုရား နှင့် ဝေးကွာအောင် ပြု သော သူ များ ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရ ခြင်း၊ စ သဖြင့်  ကျွန်ုပ်တို့ ၏ နှလုံး သား များ
၌ ဆူးများပေါက်နေတတ်သည်။
မြေသည်လူသား၏ အပြစ်ကြောင့် ကျိန်ခြင်း ခံ ရ ၍ ဆူးပင်များ ပေါက် သကဲ့သို့ ကျွန်ပ်တို့ ၏ နှလုံးသား
များ အပေါ် မှ ဆူးများသည် ကျိန်ခြင်းအမင်္ဂလာ ကဲ့ သို့  ဆူးပင်များ ဖြစ်ကြောင်း သတိ ချပ် လျှက် သမ္မာကျမ်း စာ နှတ်ကပါတ် တော် ကို နေ့ စဉ် ဖတ်ရှု ခြင်း ဖြင့် သခင်ယေရှူ အတွက် နှလုံးသား သစ် ကို ပြင်ဆင်ကြပါစို့ ။
ဂျူးဂျူး လေး ။ ( ၂၆ - ၁ - ၂၀၁၆ )
No comments:
Post a Comment