Saturday, 9 January 2016
မြန်မာပြည်ကို ငါ ချ စ် သည် ။
မြန်မာပြည်ကို လူတိုင်းချစ်ပါသည်။ သို့ သော် " ငါ " ချစ်သည် ဟု အဘယ် ကြောင့် ဆိုသနည်း။
"ငါ" ဆိုသည်မှာ စာရေးသူ မဟုတ်ပါ။ " နိနဝေ မြို့ ကို ငါသည် ချစ်သကဲ့သို့ " ဆောင်းပါး ၌ ဖော်ပြခဲ့သည့် အတိုင်း " ငါ သည် ငါဖြစ်သည်" ဟု မိန့်  တော်မူသော ဘုရားသခင် ပင်ဖြစ်ပါသည်။
လူတိုင်း မိမိလူမျိုး မိမိ တိုင်းပြည် အတွက်ဆုတောင်းကြသည် သာမက တချို့ လည်း မိမိတို့ နိုင် ငံ သားခံယူထားသော တိုင်းပြည် အတွက်လည်း ဆုတောင်းကြသည် ကို ကြားသိမြင်နေ ရသည် မှာ ၀မ်းသာစရာ မဟုတ်ပါလော။ မိမိတို့ မွေးဖွားရာမြေ၊ မိမိတို့  ရှင်သန်ရာ မြေကို ချစ်သည်ဆို သည့် အဓိပ္ပါယ် ဖေါ်ဆောင် နေသဖြင့် ၀မ်းမြောက်ဖွယ်ကောင်းပါသည်။ ထို့ ထက်ဝမ်းမြောက်စရာကောင်းသည်မှာ ဘုရားသခင် ထံမှ ချစ်သည်ဆိုခြင်းကို ကြားသိခံ ရခြင်းပင်။
ဘုရားသခင်က"မြန်မာပြည်ကို ငါ ချစ်သည်" ဟု စာရေးသူကို အိမ်မက်၌ ဖေါ် ပြခြင်းခံရသည့် နေ့  က ကျေးဇူးတော် ချီးမွှန်းမိသည်။ ဘုရားသခင်က မည်ကဲ့သို့ ချစ်သနည်း။ မိဘတိုင်းသားသမီးကို ချစ်ကြောင်း လူတိုင်းသိပါသည်။ မုန့် ကို ပူဆာ လျင် မုန့် ဝယ် ကွျွေးတတ်သည်။ ၀ယ် ကျွေးရန် အခြေအနေမရှိ ပါက စိတ်ချမ်းသာ အောင် နှစ်သိမ့်ပေးတတ်သည်။ မှတ်မိနေသော အကြောင်းအရာ တစ်ခုမှာ- ပေကျင်းမြန်မာသံရုံး ပွဲတပွဲ အတွက် မိခင်များ ချက်ပြုတ်နေစဉ် ကလေးတစ်ဦးသည် သူ့ မိခင် ကို ရေခဲချောင်းစားချင်ကြောင်း ပြောရာ မိခင်က ဈေးသွားရန်မဖြစ်နိုင်သေးသဖြင့်" ရေခဲချောင်းသည်" လာရင်ခေါ်လိုက်ဟု ဆိုသည်။ ကလေးလည်း ကျေနပ်ကာ တခြားကလေးများနှင့် ကစားရန်ထွက် သွား ပါသည်။ ပေကျင်းသံတမန်ရပ်ကွက် လူတိုင်းဝင်ခွင့် မရှိသည့်နေရာ ရေခဲချောင်းသည် မလာပါ။ သို့သော် မိခင်သည် သားကို စိတ်ပျော်စေခဲ့သည်။မိဘတိုင်းသားသမီးကိုချစ်ပါသည်။ ချစ်သည့်နည်း တော့  ကွာနိုင်ပါသည်။ ဘုရားသခင်က လူတိုင်းကိုချစ်သည်။ သို့ သော် တစ်ဦးချင်းအသက်တာ မှာ ချစ်သည့်နည်း တော့ကွဲ နိင် ပါသည်။အကြောင်းမူကား- သခင်ယေရှူ မိန့် ဆိုချက်များရှိပါသည်။ "-မုန့် ကို တောင်းလျှင် ကျောက်ကို ပေးမည့်သူ မရှိ။" "-တောင်း လော့ တောင်းလျှင်ရမည်။" "-ဘုရားသခင်၏ အလိုတော် နှင့်အညီပေးမည်။"ဟုဆိုသည်။ ဥပမာ - ဖျားနေ သော ကလေး ရေခဲမုန့်  ပူဆာလျှင် မိဘက ၀ယ်ကျွေးမည် မဟုတ် သကဲ့သို့  လိုချင်သည်ထက်လိုအပ်တာ ကို ပေးသည့် နည်း ဖြင့် လူသားတွေကို ချစ်သောဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည်မြန်မာနိုင်ငံ ကိုချစ်သည်။မည်သို့ ချစ်သနည်း။
ဘုရားသခင်၏ ကျမ်းချက်တစ်ခုနှင့် ဖေါ် ပြလိုပါသည်။
" You know that your labour is not in vain in the lord." (1 Cor 15:58 )
သခင်ယေရှူ ၌ လုပ်ဆောင်သော သင့်လုပ်ဆောင်ချက်သည် အကျိုးမဲ့အချည်းနှီး မဖြစ် ဟု ဆိုထားပါသည်။ "သခင်ယေရှူ ၌" ဆိုသည်မှာ သခင်ယေရှူ ကို ဦးထိပ်ထားလုပ်ဆောင်ခြင်း ဖြစ်သည်။ သခင်ယေရှူ နာမတော် ကို အမှီပြု ဆုတောင်း ခြင်းဟုလည်း အနက်ဖွင့်ဆိုနိုင်ပါသည်။
သင်၏ လုပ်ဆောင်ချက်ကို သခင်ယေရှူ ထံ အပ်ပြီး လုပ်ဆောင်ပါ က အချည်းနှီး မဖြစ်ပါ။
မိမိ၏ မိသားစုကိစ္စများ၊ ရုံး ကိစ္စများ၊ ဘ၀စားဝတ်နေရေး လူမှူ ရေး သာရေးနာရေး ကိစ္စ အ၀၀ စသဖြင့် လုပ်ဆောင်စရာ မျာ့းပြားပါသည်။ မိမိတို့ လုပ်ဆောင်ချက်များ အောင်မြင်ပြီး မြောက် သည့် အခါ ဘုရားသခင်ကို ကျေးဇူး တော်ချီးမျွန်းတတ်သည်။ အထူးသဖြင့် မြင်ရသည့် လုပ်ဆောင်ချက်များအပေါ်၌ အာရုံထားပြီး ကျေးဇူးတော်ချီးမျွန်းတတ်ကြသည်။ ဘုရားသခင်ကမူ အငယ်ဆုံး သောအမှု ကိုပင် အလေးထားလုပ်ဆောင်ပေးနေသည်။
ထို အမှူ မှာ "ကျွု န်ုပ်တို့ ၏ဆုတောင်းသံ " ပင်ဖြစ်သည်။
ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်နှင့်စကားပြောခြင်းပင်ဖြစ်သည်။
ထို့ ကြောင့် ပြည်တွင်း ပြည်ပမှခရစ်ယာန်တို့ ၏ သခင်ယေရှူ ၌ ဆုတောင်းသံ သာမက လူတိုင်း မိမိတို့ ယုံကြည် ကိုးကွယ် သော ဘုရားထံ၌ ဆုတောင်းသံကိုလည်း နားညောင်းသည်။
အကြောင်းမူကား-
" ဘုရားသခင်သည်ဘုရားတို့၏ ပရိတ်သတ်၌ ရပ်လျက်နေတော်မူ ၍ ဘုရားတို့ အလယ်၌ စီရင်တော် မူ သော ဘုရားဖြစ်သည်။"(ဆာလံ ၈၂: ၁ ) ။ "ဘုရားတို့ ၏" ဆိုသည်ကို ဖတ်ရှူ ခြင်းဖြင့် ဟိန္ဒူ ၊ ဗုဒ္ဓ စသည့် ဘုရားတို့ ကို ဟုဆို လိုကြောင်းသိနိုင်သည်။ " ပရိတ်သတ်၌" ဆိုသည်ကို ဖတ်ရှူ ခြင်းဖြင့် ဟိန္ဒူ ဘာသာကိုးကွယ်သူ၊ ဗုဒ္ဓဘုရားကို ကိုးကွယ်သူများ ကို ဆိုလိုကြောင်းသိနိုင်သည်။
"ရပ်လျက်နေတော်မူ ၍" ဆိုသည်တွင်သမ္မာတရားနှင့်မားမားမတ်မတ်ရပ်တည်နေ ကြောင်းသိနိုင်သည်။ "စီရင်တော်မူနေ၏" ဆိုသည်ကို ဖတ်ရှူ ခြင်းဖြင့် ဘုရားသခင်သည် နာညောင်းတော်မူလျက် လုပ်ဆောင်ပေးသော ဘုရား ဖြစ်သည်။ ဘုရားသခင်သည် မြန်မာပြည်ကို ချစ်သည်။ ဆုတောင်းသံကို နားညောင်းလျက် ချစ်ပါသည်။
ထို့ ကြောင့် your labor = လူတို့ မမြင်နိုင်သော "အငယ်ဆုံးသောအမှု ဖြစ်သည့် ဆုတောင်းသံ " ကို ပင် အ လေးထားသော ဘုရားဖြစ်သည်။ အချည်းနှီး မဖြစ်စေခဲ့ပါ။
ဤ ဆောင်းပါးနှင့် ကျွန်ုပ်တို့ ဆုတောင်းသံများ (မိသားစု ၊ တိုင်းပြည်၊ ---စသဖြင့်) ကို နားညောင်းတော်မူသော ကြောင့် ကျေးဇူးတော်ချီးမွှန်းခြင်းယဇ်ကိုပူဇော်ပါသည်။
ကျေးဇူး တော်ချီးမွှန်းခြင်း ယဇ်ဆိုသည် မှာ ကျေးဇူးတင်ပါ သည် ဟု ဘုရားသခင် ကို ပြောခြင်းပင်ဖြစ်ပါသည်။
ဘုရားသခင်သည် မြန်မာနိုင်ငံ ကိုချစ်သည်။ " Your labour is not in vain in the lord"ဟု ဖေါ် ပြခဲ့ သည့် အတိုင်း ဆုတောင်းသံ ကို နားညောင်းလျက် ချစ်ပါသည်။ " labour" လုပ်အား ဟုဆိုသည် တွင် မျက်စိဖြင့်မမြင်နိုင်သော ဆုတောင်းသံ သာမက ပါ လုပ်ဆောင်ချက် လုပ်အားများပါ ပါဝင်ပါသည်။
မြန်မာနိုင် ငံ အတွက်ဆုတောင်းသည့် အခါ ဘုရားသခင် ဖွင့်ပြ ပေးခဲ့သော ရာဇ၀င်ချု ပ် ဒုတိယ စာစောင် ၇း၁၄ တွင် ပါရှိ သည့် အတိုင်း "-----အဓမ္မလမ်း ကို လွှဲ ရှောင် လျှင်---" ဟုဆိုသည့် အတိုင်း အဓမ္မအမှူ တို့  ကို ကျွုန်ုပ် တို့ လွှဲ ရှောင်သည့် လုပ်ဆောင်ချက်များ ကိုပါ ဘုရားအသိအမှတ်ပြုသည်။ မည်သို့ အသိအမှတ်ပြု သနည်း။
အပြစ်မှလွှတ်ပေးမည်ဖြစ်ကြောင်း " သူတို့ အပြစ်ကိုဖြေ၍ " ဟုဆိုထားသည်။
ထို့ အပြင် "သူတို့ ပြည် ကို ချမ်းသာပေးမည်။" ဟု ဆိုသည်။
" သင်တို့ အပြစ်သည် ကမ္ဗလာလို နီသော်လည်း မိုး ပွင့်ကဲ့သို့ ဖြူ စင်စေနိုင် သည့် ဘုရားသခင်သည် စစ်မှန်သောနောင်တနှင့် ပြောင်းလဲ ကြလျှင် အပြစ်များကို ခွင့် လွှတ် ရုံသာမက အသက်တာမှာလည်း မိုးပွင့်ကဲ့သို့ ဖြူ စင်ခွင့် အသက်တာ ကို ပေးနေပြီ။ "
"သင်တို့ သည်ကြည်ညို နားထောင်လျှင် မြေအသီးအနှံကို စားရကြလိမ့်မည် သို့ မဟုတ် ငြင်းဆန်ပုန်ကန်လျှင် ဒါးလက်နက်ဖြင့် ဆုံးရကြလိမ့်မည်" ဟု နှုတ်တော်ထွက်အမိန့် တော်ရှိသည် ဟု ဟေရှာယ ၁:၁၈, ၁၉ ၌ ပါရှိသည် ကိုသတိပြု အပ်သည်။
ထို့ ကြောင့် ကျွန်ုပ်တို့ သည် ဘုရားသခင်၏ ပေးနေသော ခွင့်လွှတ်ခြင်းနှင့်အတူ သခင်ယေရှူ ပေးသော ဖြောင့်မတ်ခြင်းအသက်တာ မှာ လျှောက်နိုင်သူ ဖြစ်ကြမည်လား ။ သို့ မဟုတ် ငြင်းဆန်သောသူဖြစ်ကြမည်လား။ ကျွန်ုပ်တို့ လက် ထဲမှာ မီးခြစ်ရှိသည်ဆိုပါစို့ ။
တရွာလုံး မီးလောင်အောင် ခြောက်သွေ့ နေသော ကောက်ရိုး ပုံ ကို ရှို့ မည်လော။ အမှောင်ထဲမှာ နေသောသူတို့ အတွက် ဖယောင်းတိုင် ၌ မီးထွန်းပေးမည်လော။
နီယွန်မီး ကဲ့သို့ အလင်းမပေးနိုင်လည်း မိမိတို့ တတ်နိုင်သည့် ဖယောင်းတိုင်မီး တိုင်လေး ဖြင့်
အလင်းပေး နိုင်ပါသည်။ထို့ ပြင် ဖယောင်းတိုင်လေးထွန်းညှိ လျှက်လည်း ဆုတောင်း ပေးနိုင်ပါသည်။
ဟေရှာယ ၁း၁၉ ၌ ဖေါ်ပြထားသည့် " ---သင်တို့ သည် ကြည်ညို နားထောင်လျှင် မြေအသီးအနှံ့ကို စားရကြလိမ့်မည်။" ဟု ဆိုသည့်အတိုင်း ယုံကြည်သောစိတ်ကြည်ညို သောစိတ် ကို ဦးစွာထားရှိရန် လိုပါသည်။ ထို့ နောက် "နားထောင်လျှင်" ဟုမိန့် မြွတ် ထားသည်ကို သတိပြု ရ ပေမည်။ နာထောင်လျှင်ဟု မိန့် မြွတ်သဖြင့် နာခံလုပ်ဆောင်ကြရမည်။ သို့ ပြု လျှင် ဘုရားသခင်သည် မြေအသီးအနှံ့ ကို ကြွယ်ဝစွာ ပေးသဖြင့် ၀လင်စွာ စားကြရမည်ဖြစ်သည်။
ဓမ္မရာဇ၀င်တတိယစာစောင် ၁၇: ၇- ၁၆ ၌ ဖေါ်ပြထားပါသည်။ ဇိဒုန်ပြည် ဇရတ္တမြို့  ၌ ပရောဖတ်ဧလိယ ကို မုဆိုးမ အိမ်သို့ စေလွှတ် ၍ ပရောဖတ်ကို ကျွေးမွေးမည့် အ ကြောင်း ဘုရားသခင် မိန့် တော်မူသည့် အတိုင်း ဧလိယ က ပြော၏။ ထို မုဆိုးမ မှာ ပရောဖတ် ကို ကျွေးရန် မုန့် ပြား မရှိ၊ အိုး ထဲမှာ မုန့် လုပ်ရန် မုန့် ညက်လက်တဆုပ်စာ နှင့် ဆီဘူးထဲ၌ ဆီအနည်းငယ်သာရှိ၏။ ဤ အရာစားပြီးလျှင် ထပ်စားစရာမရှိ ဘဲ သေ ဘို့ ရန်သာ ရှိသည်။ ထိုပြည် ၌ မိုး မရွာဘဲ ရေခန်းခြောက် ၍ အစာရေစာ ခေါင်းပါးသည့် ကာလ ဖြစ်သည်။ သို့ သော် မုဆိုးမသည် ပရောဖတ်မှတဆင့် ကြားသော ဘုရားသခင်၏ မိန့် ဆိုချက်ကို နားထောင်သည်။ မိုး ခေါင်သောကာလ လွန်သည် အထိ ဤမုဆိုးမ သားအမိအိမ်တွင် " အိုး ၌ ရှိသော မုန့် ညက်မကုန်၊ ဘူး၌ ရှိ သော ဆီ မ လျှော့ " သော
ကောင်းကြီးခံစား ရသည်။ မုဆိုးမ ရလိုက်သော သာ၍ ကြီးသော ကောင်းကြီး မှာ သေဆုံးသော သား ကို့ ပရောဖတ် ဧလိယ ဆုတောင်းသဖြင့် အသက်ပြန်ရှင်ခွင့် ရလိုက်ခြင်းပင်ဖြစ်သည်။
အသက်ဆုံးသော သူ ကိုပင် ရှင်စေသော ဘုရားသခင်သည် ကျွုန်ုပ်တို့ မိသားစု၊ ဆွေမျိုး မိဘ၊ မိတ်ဆွေ ၊ နိုင် ငံသူ နိုင်ငံသား တို့ ၏ ဘ၀ ကို ရှင်သန်စေမည်မှာ အမှန်ပါ။ အသက်သေသော သူ ကို ပြန်ရှင်စေနိုင်သော ဘုရားသခင်သည် အသက်ရှင် လျှက် ဘ၀သေနေသူများ၊ ဘ၀ရှင် လျှက် ၀ိဥာဉ်သေ နေ သောသူများ ကို ရှင်သန်စေမည် မုချပါ။ ဧလိယ၏ဆုတောင်းသံ သည် မုဆိုးမ ၏ သားကို အသက်ရှင်စေခဲ့ပြီ။ မြန်မာနိုင်ငံ အတွက် ပြည်တွင်း ပြည်ပ မှ ဆုတောင်းသံ များ သည် ပြည် သူတွေ၏ နှလုံးသားစမ်းရေ မှ ရေလောင်းနေ သော ရှေ့ ဆက်မည့် မြန်မာနိုင် ငံ၏ အနာဂါတ် ရှင်သန်မှုအတွက် ပြည် သူတွေ၏ နှလုံးသား ရေလောင်းသံများပင်ဖြစ်ပေသည်။
မြန်မာပြည်ကို ဘုရား သခင်ချစ်ပါသည်။ မည်သို့ ချစ်သနည်း။ ဘုရားသခင်၏ အမှု တော် (အငယ်ဆုံး သော ဆုတောင်းခြင်း အမှု မှ စ၍ တောင်ထိပ် ၌ တင်ထားသည် အထိ ဘုရား ပေးအပ်သော တာဝန်များ အပါအ၀င်--စသည်တို့ ) ကို တည်ကြည်သောစိတ်နှင့် မ ရွေ့ မလျော့ လုပ်ဆောင်ခြင်းများ ကို အသိအမှတ်ပြု လျက် ချစ်ပါသည်ဟု(" Your labour is not in vain in the Lord." ) ဟု
ရေးသားလိုက်ပါသည်။
" နိနဝေမြို့  ကို ငါသည်ချစ်သကဲ့သို့ မြန်မာပြည် ကို ငါချစ်သည်။ " ဟု မြန်မာပြည်အတွက်ဆုတောင်းသော အသံ ကို အိမ်မက် ၌ "ဘုရားသခင် ဖြေသော အသံ" အား နှလုံးသား မှသည် အက္ခရာစာမျက်နှာများဖြင့် မှတ်တမ်းတင်ပါသည်။
" နိနဝေမြို့  ကို ငါ သည် ချစ်သကဲ့သို့ " ဆိုသည့် စကားစု ကို
"နိနဝေမြို့ ကို ငါသည် ချစ်သကဲ့ သို့ (အပိုင်း ၁)" နှင့်
"နိနဝေမြို့  ကို ငါသည် ချစ်သကဲ့ သို့  (အပိုင်း ၂ )" ဟူ ၍ နှစ်ပိုင်း ခွဲပြီး ဖော်ပြခဲ့ပြီး ဖြစ်သည်။
ထို့ ကြောင့် " မြန်မာပြည်ကို ငါချစ်သည်။" ဆိုသည့် ခေါင်းစဉ်သည် " နိနဝေမြို့ ကို ငါချစ်သကဲ့သို့ " ၏ တတိယ ပိုင်းဆို လျှင်လည်းမ မှားပါ ကြောင်း တင်ပြအပ်ပါသည်။
ဂျူး ဂျူး လေး။ ( ၉ ။ ၁ ။ ၂၀၁၆ ။ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment