နှုတ် ၏ အသီး
ဘုရားသခင်သည် ကောင်းကင်နှင့်
မြေကြီး ကို ဖန်ဆင်းသည့် အခါ ၌၎င်း ၊ လူကိုဖန်ဆင်းသည့် အခါ နှုတ် မှ နေ ၍ “ ဖြစ်စေ” ဟုမိန်
့ ဆိုဖန်ဆင်းခဲ့သည်။ နှုတ်တန်ခိုးသည် အစွမ်းထက်သည်။ သို့ သော်
လူအများသည် မိမိ နှ
ုတ်အစွမ်းကိုနားမလည် ၍ လွယ်လွယ်ပြောတတ်သည်။ မိမိတို့ ၏ ကလေးများကိုဘာဖြစ်ပါစေ၊ညာဖြစ်ပါစေ
စသဖြင့် လွယ်လွယ် ဆူပူကြိမ်းမောင်းရင်း ကျိန် စာ လည်းပါသွားတတ်သည်။ သတိရှိသင့်ကြပါပြီ။
ဗုဒ္ဓဘာသာ ၌ ပါသော
ကပ်ကြီးသုံးပါး လည်း နေ့ တိုင်း တီဗွီ ပေါ် မှာ မြင်တွေ့  နေရကြပါသည်။ အစာခေါင်းပါးခြင်း၊
စစ်မက်ဖြစ်ခြင်း၊ ရောဂါဆိုးများကျရောက်ခြင်းများ နေ့ တိုင်းလိုလိုသတင်းဆောင်းပါးများ၊
တီဗွီ နှင့် အင်တာနက်ပေါ် တွင် တွေ့ မြင်နေကြရသည်။ မိမိနှင့်မိမိတို့ ၏သားသမီးများ
သာမက ပြည်သူပြည်သားများ အတွက် မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာ၌ ဆုတောင်းခြင်း ဖြင့်မေတ္တာ
ပို့  ကြပါစို့ ။
အန်တီဂျုံး (ဂျာဒ်ဆင်အသင်းတော်သင်းအုပ်ဆရာကြီး
ဆရာဦးအာသာကိုလေး ၏ဇနီး) သည် စာရေးသူကို ၂၀၀၈ ခုနှစ် ၌ပေးသော စာအုပ် Bless your
children every day by Dr. Mary Ruth Swope မှ အကြောင်းအရာလေး တင်ပြလိုပါသည်။ အဝေးမှာရှိသော
သူ့  မြေးလေးကို ဖုံး မှ နေ ၍ ကောင်းကြီးပေးသည့် အကြောင်း ဖြစ်သည်။ဤ အကြံဥာဏ်ဖြစ်စေ
သော အကြောင်းမှာ နှစ်ခြင်းသင်းအုပ်ဆရာတစ်ဦး၏ သက်သေခံချက်မှ စတင်ခဲ့သည်ဟုဖေါ်ပြထားသည်။
ထိုသင်းအုပ်ဆရာသည် အသင်းတော်မှ အထုတ်ခံ ရပြီး စိတ်ဓါတ်ကျကာ တစ်ဦးတည်း အထီးကျန်နေသည့်အချိန်၌
ဂျူးဘုန်းတော် ကြီး တစ်ဦး ရောက်လာပြီး သူ့ ကို
“ဂျူးလူမျိုးများအမေရိကားမှာထူးချွန်သောသူများ၊ချမ်းသာသောသူများစာရင်းဝင်နေဖြစ်နေသည့်အကြောင်းအရင်းမှာမိဘများသည်
မိမိ သားသမီးများကို ပုံမှန်ကောင်းကြီး ပေးခြင်း၏ ရလာဒ်ဖြစ်သည်” ဟု သူယုံကြည် ကြောင်း၊ထို
့ကြောင့် ထိုသင်းအုပ်ဆရာကို လာရောက် ကောင်းကြီးပေးဆုတောင်း ပေးသည်ဟူသက်သေခံခဲ့သည်ကို
ဒေါက်တာမေရီသည် သတိရပြီး-
နောက်မြေးလေးကိုကောင်းကြီးပေးဆုတောင်းပေးလေ့ရှိခဲ့သည်။
မိဘများသည်မိမိတို
့သားသမီးများကို ကောင်းကြီး ပေးရန်လိုအပ်သည်။ မိမိတို့ မြေ (သို့ ) တိုင်းတပါး၌ဖြစ်စေ ရောက်ရှိ ရာ နေ ရာအသီးသီး၌ ဘေးအန္တရာယ်အပေါင်းကင်းဝေး ကာ အောင်မြင်သောအသက်တာရရှိစေရန်အလို့ ငှာအချင်းချင်း ကောင်းကြီးပေးကြပါစို့ ။
ဤ စာအုပ်၌ အတုယူစရာ
နောက်တစ်ခု မှာ ခရစ်ယာန် သင်းအုပ်ဆရာ ထံသို့  သွားရောက်ကောင်းကြီးပေးသော ဂျူးဘုန်းကြီး
၏ စိတ်ဓါတ်ပင်ဖြစ်သည်။
လူမျိုးမတူ ဘာသာမတူ
သည့်အပြင် သင်းအုပ်ဆရာသည် လူများအပယ်ခံတစ်ဦးဖြစ်နေ သည့်တိုင်အောင် သူတပါး ကဲ့ရဲ့မည်ကို အမှုမထားဘဲသွားရောက် ဆုတောင်းပေးပြီး၊ကောင်းကြီးပေးသော စိတ်ဓါတ်ပင်ဖြစ်သည်။
သင်းအုပ်ဆရာများ၊
မိဘများ၊ ဆရာသမားများ ကောင်းကြီးပေးခြင်းဆုတောင်းပေးခြင်း
သည် သူတို့  ၏ ဘုန်းကြောင့်
မဟုတ်သော်လည်း ဘုရားသခင်သည် ထိုသို့  ပြုသော အချိန်၌ ထားရှိသော ဆုတောင်းပေးသူ၏စေတနာနှင့်ဆုတောင်းခံသူတို
့ အကြား ထားရှိသော ချစ်ခြင်းမေတ္တာ ကို နှစ်သက်သဖြင့်
ဆုတောင်းသံ ကို နားညောင်းကာ ကောင်းကြီးပေးခြင်းဖြစ်ပါသည်။ တနည်းဆို သော် ကောင်းကြီးမင်္ဂလာသည်ရင်ထဲမှ
လာသော မေတ္တာမျိုးစေ့မှ ပေါက်ဖွား လာသော နှုတ်၏ အသီးပင်ဖြစ်သည်။
ကျိန်တတ်သောနှုတ်၊
ဆဲတတ်သောနှုတ် ၏ အသီး သည် ကောင်းကြီးမရ နိုင်သည်ကို သိလျက်သူတစ်ပါးအား အကျိုး ယုတ်စေလိုသဖြင့်ကို
တမင် ပြောဆို ရေးသားမှုများပါ ယနေ့  ကြားနာဖတ်ရှု နေ ကြရသည်။ ကောင်းစေလို သော စိတ်ဖြင့်
ဆဲဆို သွန်သင်တတ်သော သူများလည်းရှိပါသည်။ မည်သို့ ပင်ဆို စေ ဆဲမည် ဟု စိတ်ထဲဖြစ်ပေါ်လာလျှင်
အောက်ပါကျမ်းစာလေးကို သတိရစေချင်ပါသည်။
“နှုတ်တပါးတည်းကထောမနာပြု
ခြင်း နှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား။
ထိုသို့ မဖြစ်ကောင်းရာ။
စမ်းရေပေါက်တပေါက်တည်း အထဲကချိုသောရေနှင့်ခါးသော
ရေထွက်တတ်သလော။”
( ရှင်ယာကုပ် ၃:၁၀,၁၁ )
ဤနှုတ်ဖြင့် ဘုရား၌ဆုတောင်း၊
ဤနှုတ်ဖြင့် သူတစ်ပါးကိုဆဲပါက မိမိနှုတ်၏ အသီးသည် ကောင်းပါမည်လော။ ဆုတောင်း ချက်များပြည့်ပါမည်လော။
ကျမ်းစာသည် ဘုရားသခင်၏
နှုတ်ကပါတ်တော်ဖြစ်သည့် အတွက် ခရစ်ယာန်များနှင့် သာ သက်ဆိုင်သည်မဟုတ်ပါ။ နေု့ စဉ်ခွန်အား
၌ ပါ ခဲ့သော ကဗျာလေး သည်
လူတိုင်းအတွက်ဖြစ်ပြီး
ခံယူတတ်လျင် မိမိ တို့ လက်ခံနိုင်သည့်အတိုင်းအတာနှင့်အညီ အကျိုးရှိမှာဖြစ်ပါသည်။
ကဗျာ မှာ From Daily
Bread -- - -
“ Study the Bible to be wise,Believe it to be save
and Practice it to be holy”
No comments:
Post a Comment