Friday, 14 August 2015
ဆုတောင်းသံ ( ၁ )
လူသားတိုင်း မိမိတို့ သက်ဝင်ယုံကြည်ကိုးကွယ်သော ဘုရားကိုဆုတောင်းလေ့ ရှိသည်မှာ မဆန်းပါ။
တစ်ဦးချင်းဆုတောင်းသံ -( Individual prayer )
စာရေးသူ ၌ သူငယ်ချင်းတစ်ဦး ရှိပါသည်။ ယခု အမေရိကား၌ မိသားစု အခြေချလျှက် ရှိပါသည်။
ရောင်ပေစူးသူငယ်ချင်း ဟု ဆို ရ လောက်အောင် ငယ်သူငယ်ချင်း တော့ မဟုတ်ပါ။ တက္ကသိုလ် ကျောင်း ပြီး ခါနီး သိခဲ့ သော စာရေးသူ၏ ခင်ပွန်း ကျောင်းနေဘက် သူငယ်ချင်းဖြစ်သည်။
သူ တို့သည် တောင်ပေါ်မှ လာသော ကျောင်းသားများဖြစ်သည့် အလျှောက် ချိုး ခြံ ချွေတာ ကြရသည်။
မုန့် ဆိုင် လ္ဘက်ရည်ဆိုင် ထိုင်သည့်အခါ ၊ အခြားတက္ကသိုလ် ကျောင်းသားကျောင်းသူ များ အခြားစား ပွဲ များ တွင် ရှိနေလင့် ကစား၊ မရှက် ဘဲ ကျေးဇူး တော် ချီးမွှန်းပြီး မှ စားသောက်သောသူတစ်ဦးဖြစ်သည်။
သူဆုတောင်း လေ့ ရှိ သော အချက်များမှ သတိပြု မိ သော အချက်မှာ -
" ပိုက်ဆံ မရှိ သဖြင့် မစားနိုင်မသောက်နိုင်သောသူများ၊ပိုက်ဆံ ရှိသော်လည်း မကျန်းမာ ၍ မစားနိုင်သူများ အကြား ကျွန်တော်တို့ ကို ကျွေးသော ဘုရားသခင်ကို ကျေးဇူး တင် ကြောင်း--" ဆို သော အချက်ပင်ဖြစ်သည်။ထိုစဉ်က တောင် ပေါ် ကလာသဖြင့် ချိုး ခြံ ရ သော ကြောင့်၊ထို အ ချက် ကို ဆုတောင်းသည် ဟု ထင်ခဲ့သည်။ လွန်ခဲ့ သော ၂ နှစ်ခန့်  က နယူး ယောက်မြို့  ကို ရောက်သော အခါ၊ ဤသို့ ပင် ဆုတောင်းပြန်သည်။ ကျောင်းသားဘ၀ ၌ ဆုတောင်းခဲ့သော အချက် ကို မ မေ့ မ လျော့  တောင်း သော အသံ ကို ကြားသော အခါ ၊ သူ ၏ဆုတောင်း သံသည် သူ့ ဘဝ ကို မြင့်စေသည်လား ဟု တွေးမိခဲ့သည်။ ကျေးဇူးသိသော ဆုတောင်းသံ သည် လူ့ ဘ၀မှာ အောင်မြင်ခြင်းအလံကို စိုက်ထူ နိုင်သော တိုင်တစ်ခုပင် ဖြစ်ပေသည်။
ယနေ့  ကျွု န်ုပ် တို့ မြန်မာနိုင်ငံမှာ လည်း ဆု တောင်းရန် အချိန်ကျပြီ ဟုထင်ပါသည်။
ဆုတောင်းခြင်းဆိုသည်မှာဘုရားသခင် နှင့် စကား ပြောခြင်း ဖြစ်သည်ဟုလွယ်ကူစွာအဓိပ္ပါယ်ဖွင့်နိုင်သည်။
ဆုတောင်းသည့် အချိန်သည် မိမိတို့ ၏ အခြေအနေပေါ် တည်၍ အမျိုးမျိုးရှိပါသည်။ ပုံမှန်ဆု တောင်းခြင်း ရှိသကဲ့သို့  အ ရေး ပေါ် ဆုတောင်းသည့်အချိန်လည်းရှိပါသည်။ စိတ်နှလုံးပါလျှက် ဆုတောင်းလျှင် ဘုရားသခင်နားညောင်းတော် မူပါသည်။
ကျန်းမာရေး -( For Health)
ကျွန်မ၏ဖခင်သည်ဆရာဝန်တစ်ဦးဖြစ်သော်လည်းအသပြာဆရာဝန်မဟုတ်သော ကြောင့် ငွေကြေး
ချမ်းသာသူမဟုတ်ပါ။ အစ်မဆရာဝန်လည်း ဖေဖေ့ခြေရာသို့ နင်းပါသည်။ နိုင်ငံခြားသို့ သွားရောက်ကုသ နိုင်သည့် ငွေ ကြေး မတတ်နိုင်ကြပါ။ ဖေဖေ လေဖြတ်သည်ဟု သတင်းကြားချိန်မှာ ကျွန်မတို့ မိသားစု နေပြည်တော်မှ ရန်ကုန်သို့ အမြန်ပြန် ခဲ့ ကြသည်။ အိမ်မှ မထွက်မီ ဘုရား၌ ဆုတောင်းသည်။ အကောင်းဆုံး သော သမားတော်ကြီး သခင်ယေရှူ လက်တော်ပါရှိကုသပေးပါရန် နှင့်
နှုတ်ကပါတ်တော်တောင်းခံရာ၊ ဆာလံကျမ်း ၈၃:၁၈; " ထာဝရဘုရားဟု နာမတော်ရှိသော ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးတပြင်လုံး အပေါ် မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူ ကြောင်း
ကို သိကြပါစေသော။" ဟူသောနှုတ်ကပါတ်တော် ကို ရရှိပြီး သခင်ယေရှူ နာမတော်၌ ဆုတောင်းခဲ့သည်။ ထိုနှုတ်ကပါတ် တော်တန်ခိုး ၊ နာမတော်တန်ခိုး နှင့် သခင်ယေရှူ လက်တော်သည် ဆရာဝန်ကြီး များ ၌ ပါရှိခဲ့သဖြင့် ကိုယ်တပိုင်း မသေဘဲ၊ လေးချောင်း ထောက် ဖြင့် ပြန်လမ်းလျှောက်နိုင်ခဲ့သည်။ ထို့ အပြင်
အရေး ပေါ် အခန်း မှ မိတ်ဆွေ များစွာကိုလည်း ထို နှုတ်ကပါတ်တော် နှင့်ဆု တောင်း ပေးရာ တချို့ လည်း ပြန်နေကောင်းသွားသည်။ တချို့ လည်း အသက်ကို အချိန်အတိုင်းအတာ တစ်ခုအထိ ဘုရားသခင်ဆွဲဆန့်  ပေးခဲ့သည်။ တစ်ဦး နှစ်ဦး အသက်ကို တော့ မရ ရှိခဲ့ပါ။ တစ်ဦးချင်း ၏ ဝေဒနာ နှင့် ဒါဏ်ရာ ကို ဘုရားသခင်သိသည်။ ဘုရားသခင်သည် ဆုတောင်းသံကို အဖြေပေးသောဘုရားဖြစ်သည်။ မိမိတို့ လိုချင်သော ဆုတောင်းသံ အဖြေထက် ၊ မိမိတို့ အတွက်သင့်တော်သော အကောင်းဆုံး အဖြေ
ကို ပေးတတ်သည့် ဘုရားဖြစ်သည်။
နိုင်ငံရေး -( Prayer in political sphere)
ကမ္ဘာ့ နိုင်ငံရေးသမိုင်းမှတ်တိုင် တစ်ခု ဖြစ်ခဲ့သော ရုရှားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ တို့  ငြိမ်းချမ်း ရေး စာချု ပ်ချု ပ်ဆို နိုင်ခြင်း ၏ နောက် ကွယ်တွင် အမေရိကန်သမ္မတ ၏ မိခင်သည် ဆုတောင်း ပေးခဲ့သည် ဟု ကြားသိခဲ့ဘူးသည်။ သမ္မာကျမ်းစာ ၌လည်း ဧသတာမိဘုရားသည် သူ၏လူမျိုး တော်အတွက် သူ့ လူမျိုး တွေနှင့်အတူ အစာရှောင် ဆုတောင်းခဲ့သည်။ ပုခတ်လွှဲ သော မိခင်လက်သည် ကမ္ဘာ ကို ကိုင် လှု ပ်နိုင်စွမ်းရှိသည် ဆို သော မြန်မာ့ ဆို ရိုးသည် မြန်မာသာမက ကမ္ဘာထိ တိုင်အောင် လွှမ်း လျှက်ရှိပေသည်။ နူးညံသော လက်လေး ၏ ဆုတောင်းသံ သည် ကမ္ဘာ့ငြိမ်းချမ်းရေး ၌ သဲတပွင့်ဖြစ်စေခဲ့သည်။ ဤ သို့  ဆိုခြင်း ဖြင့် ဆုတောင်းခြင်း အမှု သည် မိခင်များနှင့်သာဆိုင်သည် ဟု မဆိုလိုပါ။ အသင်းတော်တစ်ပါး၏ ကြံ့ ခိုင်ခြင်းသည် အသင်းသူ ၊ အသင်းသားတိုင်း ၏ ဆုတောင်းသံ ဖြစ်သည်ဆို သော ဖတ်ဘူးသော စာသား လေးအတိုင်း ဖေါ်ညွှန်းရ လျှင် တိုင်းပြည်အတွက်ဆုတောင်းခြင်းသည် တိုင်းသူပြည်သား ခေါင်းဆောင်မကျန် လူတိုင်းနှင့် ဆိုင်ပေသည်။
သဘာဝဘေးအန္တရာယ်- ( Natural disaster )
သဘာဝဘေးအန္တရာယ်ကျ ရောက်ခြင်းကို စာရေးသူ အနေဖြင့် (၂) မျိုးမြင်ပါသည်။ ၄င်းတို့ မှာ - ၁။ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်း နည်းပါးခြင်း( အသိပညာနှင့် လက်တွေ့ လုပ်ဆောင်မှု-- ---)။
၂။ လူသားတို့ ၏ အပြစ်များ ကြောင့် ဘုရားသခင်၏ အမျက်တော် ရှ ခြင်း( သမ္မာကျမ်းစာမှ တချို့ 
ဖြစ်ရပ်များ ---)။ ဆောင်းပါး ခေါင်းစဉ်သည်"ဆုတောင်းသံ" ဖြစ်သဖြင့် ဤ အမြင် (၂) ချက် ကို
အကျယ်မဖွင့် ဆို တော့ပါ။
သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီဆိုလျှင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ချက်သည် အရေး
ကြီး သည်။ ကိုယ်တိုင်သွားရောက်ကြသောသူများ၊ မသွားနိုင်သော်လည်း တတ်နိုင်သမျှလှူ ဒါန်း သူများ
မှာကောင်းကြီးများရကြမည် မှာ ပြောစရာမလိုပါ။ ထို့ အပြင် ရေဘေးဒါဏ်ခံ နေရ သော အဖိုး အဖွားများ ကလေးသူငယ် မိဘဆွေမျိုးများ တိရစ္ဆာန်များ အတွက် သာမကကယ်ဆယ်သူများ ကူညီသူများ ပါ ဘေးကင်းဝေးရန် သတိရ ဆုတောင်းကြမည် မှာ ဧကန်မလွဲပါ။
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ကြုံ ခဲ သော ကြောင့်၊ ဖြစ်လာသည့်အခါကူညီသူများ ရှိ သလို
ထို အခက်အခဲကြားမှာ လိမ်ညာသူများ၊ကုန်ဈေး နှုန်း ကို အဆမတန်တောင်းဆို သူများလည်း တွေ့ နေ ခဲ့သည်။ အစိုးရ မှ ဥပဒေ ဖြင့် အရေးယူမည်ဟု ဖတ်ရှူ ရသည်လည်းရှိပါသည်။
ဂျပန်နိုင်ငံသည် မကြာခဏ ငလျင်ဘေး တွေ့ ကြုံရသည့် နိုင်ငံ တစ်ခုဖြစ်သော်လည်း စီးပွားတိုးတက် နေသည့် အကြောင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ခေါင်းဆောင်တော်လို့ ၊ ပြည်သူတွေတော်လို့  ဆိုသည် ထက် သူတို့ ၏ စိတ် ဓါတ်သည် သူ တို့ ကောင်းကြီးခံစားနေရသည့် အကြောင်းဖြစ်မည် ဟု
စာရေးသူ မြင်မိသည်။ ၂၀၁၁ ခုနှစ် ဆူနာမီ ငလျင်ဒါဏ်ကို ဂျပန်နိုင်ငံသည် ကြီးမားစွာ ခံစားရသည်။
ထိုအချိန်တွင် သောက်ရေ အခက်အခဲတွေ့ ကြသည်။ ရေသန့် ဘူး များ ရောင်းခြင်း ကို ချက်ခြင်း ပင်
လူတစ်ဦး လျင် နှစ်ဘူး ရောင်းချရာ (မြန်မာနိုင်ငံရေသန့် ဘူး ကြီး လောက်မကြီးပါ။) လုယူခြင်းမရှိသည် သာမက စံနစ်တကျတန်းစီ ၀ယ် ယူကြသည်။ ဈေးလည်းမြင့်တင်မရောင်း ကြောင်း ကိုယ်တွေ့ ကြုံသူ
တစ်ဦးက ပြန်ပြောသဖြင့်သိခွင့်ရခဲ့သည်။ ဒုက္ခကြားမှာ အမြတ်မထုတ်သော စိတ်ဓါတ် သည် မိမိတို့ ၏
အကျိုး စီးပွား ကို မြဲ မြံ စေသည်။
ထိုအချိန်က စာရေးသူသည်ဘုရားသခင်ထံဆုတောင်းခံခဲ့ သည်။ စာရေးသူ၏သမီးငယ်နှင့်သူငယ်ချင်းများ ဂျပန်၌ ရှိနေသည်။ ထို့ ကြောင့် ဘေးအန္တရာယ် ကင်းဝေးရန်ဆုတောင်းသည့်အခါ နာမတော် ( ၂ ) ခု နှင့်ဆုတောင်းရန် ဖေါ်ပြခြင်း ခံရသည်။
ဆုတောင်းချက်- " သန့် ရှင်းမြင့်မြတ်စုံလင်သော ဘုရားသခင်၊သူတို့ ကို( သမီးနှင့်သူငယ်ချင်းသာမက ဂျပန်၌ ဆူနာမီဖြစ်နေရာ ဒေသရှိသူများ) ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နာမတော် နှင့် သခင်ယေရှူ ဘုရား ၏ နာမတော် ၌ ဘေးအန္တရာယ် အပေါင်း မှ ကွယ်ကာပေးပါ။ " ဟု ဆုတောင်း ရန်
ဖေါ်ပြခြင်းခံရသည်။
၁။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏နာမတော် (El SHADDAI )
El SHADDAI (God Almighty ) describes God's ultimate power over all.
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နာမတော် ၌ ခိုလှုံ ဆုတောင်းသည်နှင့်ဘုရားသခင်၏ အရာခပ်သိမ်း အပေါ်၌ အန္တိမတန်ခိုး တော် ကြောင့် ဘေးအန္တရာယ် အပေါင်းကို ကွယ်ကာပြီး ဖြစ်သည်။
ဘေးအန္တရာယ်အပေါင်းဆိုသည်တွင် ဆူနာမီငလျင်ဘေးသာမက နျူ ကလီယား ပေါင်းအိုးများဆက်လက်
ပေါက်ကွဲခြင်းအန္တရာယ်များ၊ ထိုပေါင်းအိုးပေါက်ကွဲမှု ကြောင့် နောက်ဆက်တွဲဆိုးကျိုး ဖြစ်သော
အစားအသောက်များပေါ် မှ ပိုးမွှား အန္တရာယ်--စသည့် ဘေးအပေါင်းကိုကွယ်ကာခဲ့ကြောင်းသက်သေခံ
ပါသည်။ မြန်မာနိုင်ငံ အတွက်လည်း ရေကျရန်၊ မြေပြို ခြင်းများ--- မဖြစ်ရန် ဤနာမတော်၌ ဆုတောင်း နိုင်ပါကြောင်း သက်သေခံ ရင်း ဆုတောင်းချက် ဝေမျှပါသည်။
၂။ သခင်ယေရှူ ခရစ်တော် ၏ နာမတော် ( In the name of Jesus)
သခင်ယေရှူ ၌ ဘုရားသခင်ပေးထားသော အခွင့်တန်ခိုးများစွာရှိသည်။ ( တမန်တော်ဝတ္ထု ၁၀:၄၂)
သခင်ယေရှူ ကိုယ်တော်တိုင်ကလည်း ငါ့ နာမကို အမှီပြု တောင်းလော့၊ အဘဘုရားသခင်ဘုန်းတော်
ထင်ရှားရန် ဖြစ်စေမည် ဟု ကျွန်ုပ်တို့ ကို သူ၏ အခွင့်နှင့် ဆုတောင်းခွင့်ပေးထားပြီ။ နာမတော် ၌ ဆုတောင်းသည့် အချိန်၌ ပင် အဘ ဘုရားသခင် သည် သန့် ရှင်းသောဝိဥာည်တော်ကို ကျွန်ုပ် တို့ ကို
ကူညီမစရန် စေလွှတ်တော်မြူ့ပီ ဖြစ်သည်။ ( ယောဟန် ၁၄: ၁၃, ၂၆)
ထို့  ကြောင့် နာမတော်မြတ် တို့ ၌၊ ရှိသည့် နေရာမှ ဆုတောင်းကြပါစို့ ။
ဆက်လက်၍ လူသားတို့ ပြု သော ဘေးအန္တရာယ်(Man made disaster)၊အိမ်ထောင်ရေး--- စသည် တို့ အတွက်လည်း ၊ ဆုတောင်းသံ ( ၂) တွင် ရေးသားဖေါ်ပြပါမည်။
ဂျူး ဂျူး လေး။ ( ၁၄ ၊ ၇ ၊ ၂၀၁၅ ။ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment