ကျွုန်ုပ် ဘဝ၌ အင်္ဂလိပ်စကားလုံး “death” ( သေခြင်း) ကို ပဉ္စမတန်း မှာ စတင်
သင်ယူခဲ့သည်။ ထိုစကားလုံး၏ အဓိပ္ပါယ်သည် ရိုးရှင်း၏။ ဘဝရှင်သန်ခြင်း၏ဆန့် ကျင်ဘက်ဖြစ်သည်။
အသက်ရှူရပ်တန့် ခြင်းနှင့်သွေးခုန်နှုန်းရပ်တန့် သွားခြင်းဖြစ်သည်။
ထို့ နောက် “passed
away” (ဘဝတပါးသို့  ကူးပြောင်းခြင်း)ဆိုသည့်စကားလုံးကို သင်ယူခဲ့ရသည်။
“death” ဆိုသည့် စကားလုံးစကားကို ပို၍ လှပစေရန်သုံးစွဲသည် ဟု မှတ်ယူနားလည်ခဲ့သည်။
“ asleep
in Christ”(ခရစ်တော်၌အိပ်ပျော်ခြင်း) ဆိုသည့် စကားစုကို မြန်မာသတင်းစာမှ
အကျွန်ုပ် ကို မိတ်ဆက်ပေးခဲ့သည်။”ခရစ်တော်၌အိပ်ပျော်ခြင်း”ဆိုသည်မှာ သေခြင်းသဘောပင်
ဖြစ်ကာ “ဘဝတပါးသို့ ကူးပြောင်းခြင်း”ဆိုသည့် စကားစု အစား"ခရစ်တော်၌အိပ်ပျော်ခြင်း" ဟု အဘယ်ကြောင့် သတင်းစာများ၌ဖော်ပြနေသလဲ ဟု
ငယ်စဉ်က တွေးတောနေခဲ့ဘူးသည်။
ဤစကားလုံး အသုံးအနှုန်း (၃)မျိုး ကို နားလည်သဘောပေါက်ခြင်းသည်
ကမ္ဘာပေါ်မှာအသက်ရှင်နေသည့် ဘဝနှင့် တမလွန်ဘဝ နှစ်မျိုး စလုံးအတွက် များစွာတန်ဖိုးရှိသည်။
သေခြင်း ။
“သေခြင်း”ဆိုသည်မှာ ခန္ဓာကိုယ်နှင့်ဝိညာဉ် ကွဲကွာခြင်း(separate) ဖြစ်ကာ ကွယ်လွန်ပြီးနောက် ခန္ဓာကိုယ်သည် လူ့ လောက မြေ မှာ ကျန်ရစ်ခဲ့သည်။ သမ္မာကျမ်းစာ၌ လူသည်မြေမှုန်ဖြစ်
၍ မြေ မှုန်သို့  ပြန်ရမည် ဟုဆိုထားသည်။တဆက်တည်းမှာပင် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်မခံလျှင်
ကောင်းကင်နိုင်ငံသို့ မဝင်ရောက်နိုင်ဟု ယုံကြည်ကြသည်။
သေခြင်းဆိုသည့် စကားလုံးသည် အသက်ရှုရပ်ခြင်းနှင့် သွေးခုန်နှုန်းရပ်ခြင်း
ဖြစ်သည့်အတွက် ရုပ်ခန္ဓာကိုယ်သေဆုံးခြင်း ဟု လူအများနားလည်သဘောပေါက်ကြ၏။
ခရစ်ယာန်တို့ အတွက်”သေခြင်း”ဆိုသည့်စကားလုံး သည် လူ့ လောက
အသက်ရှင်စဉ် ဘဝ၌ ပင် အရေးပါသည်။အကြောင်းမှာ ဝိညာဉ် သေ ခြင်း အသက်တာ မဖြစ်ဖို့ ရန် အရေးကြီး၏။
ဝိညာဉ်သေခြင်းဆိုသည်မှာ ခရစ်ယာန်တစ်ဦးသည် လူ့ လောက၌ အသက်ရှင်စဉ် ခရစ်တော်နှင့်အတူသော်၎င်း နှုတ်ကပါတ်တော်နှင့်အတူ သွားလာဆောင်ရွက်မှု
မရှိခြင်း ခရစ်တော်ကို စွန့် ခွာခြင်း ဖြစ်သည်။
ဝိညာဉ်သေဆုံးသော ခရစ်ယာန်တစ်ဦးသည် တမလွန်ဘဝ ၌ ကောင်းကင်နိုင်ငံ မရောက်နိုင်ပေ။
ဘဝတပါးသို့ ကူးပြောင်းခြင်း ။
“ဘဝတပါးသို့ ကူးပြောင်းခြင်း”ဆိုသည့် စကားစုမှာ မူ လူ၏ဝိညာဉ်သည်
ကမ္ဘာလောကနှင့် ခန္ဓာကိုယ်မှ ခွဲခွာသွားပြီ( leave from---) ဟု ရည်ညွန်း သည်။
ယဉ်ကျေးမှု အသီးသီး ဘာသာအသီးသီး တွင်လူသားတို့ ၏ နောက်ဆုံးခရီးကို
မိမိတို့ ဓလေ့ထုံးစံ ကိုးကွယ်ယုံကြည်ရာ ပုံစံအမျိုးမျိုးနှင့် ပို့ ဆောင်လေ့ရှိသည်။
ဈာပနသို့ လိုက်လံပို့ ဆောင်သူများတွင်
ရည်ရွယ်ချက်အမျိုးမျိုး ရှိသည်။ သူတို့ ၏နှလုံးသားမှ ကျေးဇူးတင်ကြောင်း
နှုတ်ဆက်ကြောင်း ပြောလို၍ ၎င်း ကျန်ရစ်သူမိသားစုကို နှစ်သိမ့်အားပေးစကားပြောလို၍၎င်း သွားရောက်ပို
့ဆောင်တတ်ကြသည်။ ထိုသူများ တွင် ဆိုးသောစိတ်နှင့် ပို့ ဆောင်သောသူများလည်းရှိတတ်သည်။
ဆုံးပါးသွားသူ၏ ဝိညာဉ်ကို ချုပ်နှောင်ပြီး သူတို့ ၏ မကောင်းသောအကြံအစည်များ၌ ခိုင်းစေတတ်ကြသည်။သနားဘွယ်ကောင်းသော
ဝိညာဉ်များ ပေတည်း။ ထို့ ကြောင့် ကျွန်ုပ်တို့ သည် ယဉ်ကျေးမှု နှင့် ဘာသာ ထုံးတမ်းစဉ်လာအရ
နောက်ဆုံးပြုအပ်သော ဝတ်ကိုပြုစဉ် ထုံးတမ်းစဉ်လာများ၊ ဈာပနဝတ်ပြုခြင်းအစီအစဉ် များ အပေါ်၌သာ
အာရုံ စိုက်ခြင်းသာမက ဝိညာဉ်တို့ သွားကြရမည့် နောက်ဆုံးပန်းတိုင်ခရီး ကို ဘေးအန္တရာယ်
အပေါင်းမှကင်းဝေးလုံခြုံစွာ ရောက်နိုင်ဖို့  ဆုတောင်းပေးသင့်သည်။
ကမ္ဘာလောကမှ ခွဲခွာခြင်းခရီးစဉ်သစ်ကို သွာသောဝိညာဉ်တို့ အတွက်မြင်ရသော
အန္တရာယ်၊ မမြင်ရသော အန္တရာယ်မျာ ဝန်းရံနေတတ်သည်။ဆိုးသောသူများသည်မြင်ရသောကမ္ဘာမှ၎င်း၊ စာတန်နှင့်မှောင်မိုက်တန်ခိုး
သည် မမြင်ရသော ကမ္ဘာမှ၎င်း ဝိညာဉ်တို့ ကို သူတို့ နောက်ဆုံးပန်းတိုင်ခရီးမှ လမ်းလွဲစေရန်စောင့်စား တတ်၏။
တခြားတဘက်၌လည်း အန္တရာယ်တစ်ခုခုကြောင့် ရုတ်တရက်သေဆုံးသွားသောဝိညာဉ်တို
့သည် တမလွန်ဘဝ ၌ ငြိမ်သက်ခြင်းမရတတ်ကြပေ။ ထိုဝိညာဉ်များ အတွက်
တောလည်ရာကျမ်း ၆:၂၆;
“ထာဝရဘုရားသည် သင့်ကို မျှော်ကြည့် ၍ ချမ်းသာပေးတော်မူပါစေသော်” ဟူ သော နှုတ်ကပါတ်တော်နှင့်အတူ
ဆုတောင်း ပေးနိုင်သည်။
ခရစ်တော်၌ အိပ်ပျော်ခြင်း ။
“ခရစ်တော်၌အိပ်ပျော်ခြင်း”ဆိုသည့်စကားစု ကို မြန်မာသတင်းစာ
နာရေးကြော်ငြာ ကဏ္ဍ တွင် တွေ့ ရသည်။ သခင်ယေရှု ကို ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်သူ၏ ဝိညာဉ်သည်
ဘုရားသခင်၏အိမ်တော်၌ နေရမည်။
၂၀၁၄ ၊ နိဝင်ဘာလ(၁)ရက်နေ၊့  တွင် နယူးယောက်မြို့ တွင် ဆရာ
ဒိုပီး သူ၏ ဦးလေး ဈာပနဝတ်ပြုခြင်း အစီအစဉ် ၌ ဝေမျှခဲ့သော ဒေသနာတော်သည် တိုတိုရှင်းရှင်း
နှင့် အဓိပ္ပါုယ် ပြည့်ဝ သဖြင့် အနည်းငယ် ဖေါ်ပြအပ်ပါသည်။ ၎င်း မှာ -
“ ကျွန်တော်တို့ သည် မျှော်လင့်ချက်မရှိသောသူ များ ကဲ့သို
့ ဝမ်းနည်းကြေကွဲမ နေသင့်ပါ။ကျွန်တော်တို့ ကို ကတိပေးသော ဘုရားသခင်ရှိသည်။ သခင်ယေရှုကလည်း
ငါ၏ အဘအိမ်တော်၌ နေစရာ အခန်းများစွာရှိ၏ ဟု မိန့် ဆိုခဲ့သည်။ ယခု ကျွန်တော်တို့ ဦးလေး
သည် သူ ၏ အဘအိမ်တော်ကို ပြန်ပြီ။ ဒါကြောင့်
ခရစ်တော်၌ အိပ်ပျော်ခြင်း ဆိုပြီး သတင်းစာမှာ ကြေညာခြင်းဖြစ်သည်။”
အဖိုးတန်သော ဒေသနာတစ်ခု ဖြစ် ပေသည်။
ဂျူး ဂျူး လေး။ ( ၉၊ ၁၁၊ ၂၀၁၄။ )
No comments:
Post a Comment