ကျွန်ုပ်ဘဝ အောင်မြင်မှု သရဖူများ ၊ ဆွတ်ခူးယူခိုက်
သခင်သာ ကျွန်ုပ် အနား မရှိခဲ့လျှင်
ဝမ်းမြောက်မူသည် မာနတက်စရာ ဖြစ်ပေလိမ့်မည်။
နှင်းမှုန် မြူ ကြား မျက်ရည်များနှင့်၊ လှမ်း လျှောက်ခဲ့စဉ်
သခင်သာ ကျွန်ုပ် အနား မရှိခဲ့လျှင်
နှင်း ဖွေး ဖွေး ကြား ၊ နေခြည်ဖြာလည်း မနွေးနိုင်ပြီ ။
ညဥ့်သန်းခေါင် ကျော်၊ မြို့ မ ကားဂိတ် ဆိုက်ရောက်ချိန်ဝယ်
သခင်သာ ကျွန်ုပ် အနား မရှိခဲ့လျှင်
မှောင်နက်မဲမဲ တယောက်တည်း၊ ဝန်ထမ်းအိမ်ရာ ယာယီအိမ်နန်း
ရှိရာ လမ်းကို ဘယ်သို့  လှမ်း၍ မြန်း ရ အံ့နည်း ။
မိုးသောက်ရောင်နီ မပေါ်မီ၊ စာ ဖြေသူများ ကားဂိတ်ကြိုချိန်
သခင်သာ ကျွန်ုပ် အနား မရှိခဲ့လျှင်
သခင်သာသိ လူမသိသည့် ဧည့်သည်ဝတ်ကို ပြု နိုင်မည် လော၊ ပြု မည်လော။
ဧလာ လေဆိပ် ၊ သစ်ရိပ် မ ရှိ ဘဲ ပြေးလွှား မောင်းနှင် ခဲ့ရစဉ်
သခင်သာ ကျွန်ုပ် အနား မရှိခဲ့လျှင်
နေပူကျဲကျဲ ၊ မိုးသည်းထဲမှာ၊ မြူ မှုန် မကွဲ၊ တ ယောက်တည်း
ဘယ်သို့ မောင်းနှင် ဝံ့ အံ့ နည်း။
မာနထောင်လွှား လျှို့ ဝှက်စိတ်ထား နှင့်၊ အိမ်ပေါ် တက် ကာ၊
သူတို့ မိခင်ဘဝ ဒို့ ဘဝနှင့်၊ မကွာခြားသည့် အိမ်ရှင်မဘဝ ဒို့ ဘဝ ကို
သတိမမူ စော်ကားသူတို့ အား
သခင်သာ ကျွန်ုပ် အနား မရှိခဲ့လျှင်
သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းတရား အဘယ်မှာရှိနိုင်ပါ အံ့နည်း ။
ပွဲ၌ ကြုံစဉ် ၊ နောက် မှ ဝင်တိုက် လှည့်ကြည့်ခိုက်
ပုခုံးတွန့် ကာ ၊ မော် မျက်နှာ နှင့် ရာထူးဂုဏ်မောက် မျက်နှာအောက်ဝယ်
သခင်သာ ကျွန်ုပ် အ နား မရှိခဲ့လျှင်
ကန် ရေ မြင့်လည်း ကြာမတင့်နိုင်၊ ယခုမူ ကား
သခင့် ကြောင့်သာ ကန် ရေလည်းမြင့် ကြာလည်းတင့်၏။
တော တောင် ရေမြေ ကွာဝေးနေ လည်း၊ မိဘတို့ တွက် နောက်ဆုံး ဝတ်ကို
သခင်သာ ကျွန်ုပ် အနား မရှိခဲ့လျှင်
ပြု ခွင့် ကြုံမည် မဟုတ်ပါ၊ သခင့် ကြောင့် သာ
ကူညီ စောင့်မ ဖေးမသူများ မေတ္တာ အားေ ကြာင့်
ပြန်ခွင့် ကြုံရ ၊ ပြု ခွင့်ရသည့် ဝန်ထမ်းဘဝ ဒို့ ဘဝ ။
သားသမီးများ မိဘ မောင်ဘွား ၊ မိတ်ဆွေများ နှင့် ဝေးကွာငြား၍
ခရီး မ ပေါက် ၊ လူ မ ရောက် လည်း သခင့်လက်သည်
သူတို့ ရှိရာ ဒို့ ရှိရာ နေရာတိုင်း ၌ ကူညီစောင့်မ လမ်းပြနေ၏၊ ပြု နေ၏။
သခင်သာ ကျွန်ပ် အနား မရှိခဲ့လျှင်
စည်းစိမ်ချမ်းသာ ဘုံဗိမ္မာန် ဝယ် စံနေရလည်း ၊ ကျွန်ုပ်သက်တာ မပြည့်စုံနိုင်။
( ၅၇ နှစ် ပြည့် မွေးနေ့  ကျေးဇူး တော် ချီး မွှန်း ခြင်း ။ ၁၂ ၊ ၁၀၊ ၂၀၁၄ ။ ဂျူးး ဂျူးး လေး ။ )
No comments:
Post a Comment