Thursday, 10 July 2014
                        အိမ်ရှင်မ ၊ ဇနီး မယား(ခင်ပွန်း) နှင့်  မိခင် ”
     မြန်မာ အမျိုးသမီး များ လက်ထပ်ပြီးသည် နှင့် အထက်ပါ ခေါင်းစဉ်မှ နာမည် ဂုဏ်ပုဒ် တစ်ခုခု သည် အလိုအလျောက် မြန်မာ့ယဉ်ကျေး မှုနှင့် လူမှု ပတ်ဝန်းကျင် အရ ရ ရှိ နိုင်သည်။  ထို ဂုဏ်ပုဒ်တစ်ခုစီ ၌  အရည်အချင်းများ ရှိပါသည်။
ဇနီးမယား (ခင်ပွန်း)-
     ဤ နေ ရာတွှင် ခင်ပွန်းဆိုသည်မှာ  အိမ်ထောင်ဦးစီး ကိုမဆိုလိုပါ။ အထောက်အမ ပေးမည့်သူဟုဆိုလိုပါသည်။   ကမ္ဘာဦးကျမ်း အခန်းကြီး (၂)အပိုဒ်ငယ်(၂၄) `၌
“ယောက်ျားသည် ကိုယ်မိဘကို စွန့်  ၍  ကိုယ်ခင်ပွန်း(မိမိမယား) ၌မှီဝဲသဖြင့်၊ ထိုသူတို့ သည်တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။” ဟု ပါရှိသည်။ ထို့ ကြောင့် ဇနီးမယားဆိုသည့် ဂုဏ်နှင့် အညီလက်ထပ်ပြီး သော အမျိုးသမီး အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦးအထောက်အမပြု ရမည်။ 
မြန်မာ့ယဉ်ကျေးမှု ၌ ဇနီးမယား (၅)မျိုး ရှိသည်။ ၎င်းတို့ မှာ-
(၁)မိခင်နှင့်တူသောမယား၊ (၂)သခင်နှင့်တူသောမယား၊ (၃)သူငယ်ချင်းနှင့်တူသော
မယား၊ (၄) နှမနှင့်တူသောမယား နင့် (၅) ကျွန်နှင့်တူသောမယား ဟူ ၍ ဖြစ်ပါသည်။
မိခင်-
     မိခင်ဆိုသောဂုဏ်ပုဒ်သည် လက်ထပ်သော အမျိုးသမီးတိုင်း၌ မရရှိနိုင်ပါ။ ကလေးမွေးသော ဇနီးမယားများသာ ပိုင်ဆိုင်သည့် နာမည်ဂုဏ်ပုဒ်ဖြစ်ပေသည်။
မိခင်ဟုဆိုသည့် နာမည်ဂုဏ်ပုဒ် သည် ပညာ၊ အလုပ်အကိုင် ရာထူး စသည့် အရည်အချင်းများ ကြောင့် ရ ရှိပိုင်ဆိုင်သော ဂုဏ်ပုဒ် မဟုတ်။ သား သမီး ဆိုသည့်
လူသားမျိုးနွယ် မွေးဘွားခြင်း သည်သူ ၏ အရည်အချင်းတစ်ရပ်ပင်ဖြစ်သည်။ ဤ
အချက် တ ခု တည်း သာလျင် မိခင်ဆိုသော နာမည်ဂုဏ်ပုဒ် ကို ပေးစွမ်း စေ သည်။
ထို့ ကြောင့်လည်း” မိခင်များနေ့ ” ဟု အသိအမှတ်ပြု ခြင်း ကို လက်ခံရရှိနေပေသည်။
အိမ်ရှင်မ-
     အိမ်ရှင်မ ဆိုသည့်နာမည်ဂုဏ် အတွက် အင်မတန်ဝမ်းနည်းဖွယ် စာရေးသူ ခံစားမိသည်။ 
အိမ်ရှင်မ ဆိုသည့် နာမည်ကို တလေးတစား ဂုဏ်ပြု ရေးသား စေ သော သူတစ်ဦး ကျွန်မ ဘဝ၌ရှိခဲ့သည်။ ကျွန်မ အလယ်တန်း ကျောင်းသူဘဝ  ၌ တွေ့ ကြုံခဲ့ သော အမှတ်မထင် အကြောင်းအရာ လေးတစ်ခုသည် ယနေ့ ထိတိုင် မှတ်မှတ်ရရ ထာဝရရှိစေခဲ့သည်။ ကျောင်းသားကိုယ်ရေး မှတ်တမ်းဖြည့် ရ သော နေ့  ဖြစ် သည်။
မိခင်အလုပ်အကိုင်= မရှိ     (မှတ်ချက်။ ဆရာ မ ညွှန်းဆိုသည့်အတိုင်း)
မိခင်အလုပ်အကိုင်= အိမ်ရှင်မ ။ ( ကျွန်မ ဖခင်သည် ဤ ကဲ့သို့ ပြင်ဆင်ဖြည့်စွက်စေခဲ့
သည်။ )
     အိမ်ရှင်မ ဆိုသည်မှာ အလုပ်အကိုင်မရှိတာမဟုတ် ၊ အိမ်ဖေါ် ရှိ ၍ အိမ်မှု ကိစ္စ များ လုပ်စရာ မလိုရင် တောင်၊  အိမ်ထောင့် တာဝန် သားသမီးများကြည့်ရှု ခြင်း၊
အိမ်ကိစ္စများ စီမံခန့် ခွဲ ခြင်း စသဖြင့် တာဝန်များ ရှိကြောင်း ။ ထို့ ကြောင့် မိခင်ကို လေးစားဂုဏ်ပြု သောအားဖြင့်  အလုပ်အကိုင်= အိမ်ရှင်မ  ဟု ဖြည့်စွက်ရ မည် ဟု
မိခင်ကို ဂုဏ်ပြု စေခဲ့သည်။
ပတ်ဝန်းကျင်အမြင်-
     သားနှင့် သမီး ကျောင်းအပ်သည့် နေ့  - သူတို့ ၏ ကိုယ်ရေးအချက်များဖြည့်စွက် ပြီး အတန်းပိုင် ဆရာမ ကို ပေး ခဲ့သည့် နေ့  ဖြစ်သည်။ မိခင်အလုပ်အကိုင်= အိမ်ရှင်မ ။  ကျောင်းဝင်ခွင့် ပုံစံလက်ခံသည့် ဆရာမ ၏ ခနဲ့ တဲ့တဲ့ အသံ ဖြင့်-
“ ဟင်း -ဟင်း  - ဟင်း-- အိမ်ရှင်မ !  အိမ်ရဲ့ အရှင် သခင်မ ပေါ့ --“ 
 စာရေးသူ၏အမြင် -
“ အိမ်ရှင်မ ဆို သည် မှာ မိသားစု (သို့ ) အိမ်ထောင်စု ဝင်တို့  ၏ ဘဝရှင်သန်ရေး  အကျိုး အတွက် ဆောင်ရွက်ပေးသော ဇနီးမယား(သို့ ) မိခင်” ဟု အဓိပ္ပါယ်ဖွင့် လိုပါသည်။
ကမ္ဘာ့  အမြင် -
မြန်မာ့ ရှေးသီချင်းကြီးပါ ဘဲ ။ “ထူးမခြားနား”  ပါ ။
အိမ်ရှင်မ (house wife) ဆိုသည့် နာမည်ဂုဏ်ပုဒ် ထက် သူ တို့  ဆို လေ့ရှိ သော
နာမည်ဂုဏ်ပုဒ်များမှာ-- home duty,home manager --
မည်သို့  ပင်မြင်စေ ကာ မူ ၊ မိမိ တို့  ဘဝ ပေး အခြေအနေ လို အပ်ချက် ကြောင့်   ရ ရှိ ပိုင်ဆိုင်ရာ  နာမည်ဂုဏ် သည်  မိမိ တို့  ၏ အလှ မိမိတို့ ၏ ဘဝ သာ ဖြစ်သည် ။
ဘုရားသခင်အမြင် - ( ဘုရားသခင် အလိုတော်)-
 ဇနီးမယား - အထောက်အမ ဖြစ်ရန်၊ (ကမ္ဘာ ၂:၁၈ ) ဘုရားသခင်အလိုရှိ၏။
မိခင်  - “များစွာ မွေးဖွားကြလော့။” (ကမ္ဘာ ၁:၂၈) ဘုရားသခင်မိန့် ဆိုခဲ့သည်။
ဤ အချက်၌ သား၊သမီး မမွေးဘွားနိုင်သောမိခင်များ အ တွက် ဘုရားသခင်၏
မိန့် ဆို ချက်များရှိပါသည်။
“ မြုံ သောမိန်းမသည် အိမ်၌နေ ၍ ၊ဝမ်းမြောက်သော စိတ်နှင့် သားဘွားရသော အခွင့် ကို ပေးတော်မူ၏။” (ဆာလံ ၁၁၃:၉ ) 
သား သမီး မ မွေးဘွားနိုင်သော် လည်း လိုအပ်သောသူများကို ကြည့်ရှု စောင့်မခြင်း ဖြင့် သားသမီးများရှိသကဲ့သို့  ဝမ်းမြောက် စုံလင်သော အခွင့်ကို ရ နိုင်ပေ သည်။
 အိမ်ရှင်မ - ဘုရားသခင်နှစ်သက် တော်မူ သော  သီလနှင့် ပြည့်စုံသောမိန်းမ ၌ ရှိ သော အရည်အချင်းများ ကိုလည်း ကျမ်းစာ ၌ တွေ့ ရှိနိုင်ပေသည်။ “ ထိုမယားသည် မိမိခင်ပွန်း အကျိုးကိုမဖျက်၊ ---မိမိလက်နှင့်လုပ်ဆောင်သည်၊-----  ---  -----ဆင်းရဲသူတို့ အားလက်ကိုဖြန့် ၍ ငတ်မွတ်သူတို့ အားလက်ရုံးကိုဆန့် တတ်၏။ -------- ပညာစကားကို ပြောတတ်၍၊ မေတ္တာတရားအားဖြင့်နှုတ်မြွတ်တတ်၏။ အိမ်သူအိမ်သားပြုမူသမျှ တို့ ကိုကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကိုမစားတတ်။” (သုတ္တံ ၃၁: ၁၀ -၃၁ )။
အမျိုးသမီးတိုင်း မိမိတို့ ဘဝ ၊ မိမိတို့ အလှဖြင့် ကမ္ဘာလောက ကို အလှဆင်ကြပါစို့ ။
No comments:
Post a Comment