Saturday, 7 December 2013

အ လို‌ေ တာ် သည် မြန်မာ နိုင်ငံ၌ ပြည့်စုံခြဲ့ပီ


       ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်  မြန်မာနိုင်ငံသည် နှစ်ခြင်းသာသနာ နှစ် (၂၀၀) ပြည့် ကျေးဇူးတော် ချီးမွှမ်းခြင်း ဓမ္မသဘင်ပွဲတော် ကို  ဒီဇင်ဘာလ ၂၀၁၃ခုနှစ် ၌ ကျင်းပနေပြ။ီ အနယ်နယ်အရပ်ရပ်မှ သော်၎င်း၊ နိုင်ငံရပ်ခြားမှသော်၎င်း ယုံကြည်သူများ မြန်မာပြည်သို့ပြန်ပြီး ကျေးဇူးတော်ချီးမွှမ်းခြင်း အစီအ စဥ်  ၌တက်ရောက်နေကြသည်။  ကိုယ်တိုင်မတက်ရောက်နိုင်သူများ သည်လည်း ဆုတောင်းခြင်း အားဖြင့်  ဖြစ်စေ၊ အလှူတော်ငွေအားဖြင့် ဖြစ်စေ မိမိတို့ တတ်နိုင်သည့် အတိုင်း  အုတ်တစ်ချပ် သဲတစ်ပွင့် ကဲ့သို့ပါ၀င် လျက်ရှိကြသည်မှာ  ကြားသူ မြင်သူတိုင်း ၀မ်းမြောက်ဖွယ်ကောင်းလှပါသည်။
            ဘုရားသခင်၏ အလိုတော်သည် မြန်မာနိုင်ငံ၌ လွန်ခဲ့သော နှစ် ၂၀၀ က တည်းက စတင်ခဲ့ပြီ။  စာရေးသူ အနေဖြင့် အလိုတော်သည်မြန်မာနိုင်ငံ၌ ပြည့်စုံခဲ့ပြီ ဟု ခေါင်းစဥ်ရွေးလိုက်ခြင်းသည် ဘုရား သခင် ၏ နဂိုမူလအလိုတော်သည်  မြန်မာနိုင်ငံ၌ ပြည့်စုံခဲ့ကြောင်းကို ရေးသားလိုသောကြောင့်ဖြစ် သည်။ ဘုရားသခင်၏ နဂိုမူလအလိုတော်ကို လွယ်ကူစွာဥပမာနှင့်ဖေါ်ပြရပါက ဧဒင်ဥယျာဥ်အတွင်း အာဒံနှင့်ဧ၀ တို့သည်  ဘုရားသခင်နှင့်၎င်း ၊ ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာလောကနှင့်သော်၎င်း သဟဇာတ ရှိစွာ နေထိုင်ခြင်းဖြင့် ထာ၀ရအသက်ကို ရ ရှိစေ ရန် ဖြစ်သည်၊။ 
       သဟဇာတ ဆိုသည်မှာ တစ် ဦးနှင့်တစ်ဦး ၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ကြား  လိုက်လျောညီထွေစွာ ညှိ ယူနေထိုင်နိုင်ခြင်း ပင် ဖြစ်သည်။  ဘုရားသခင်သည် လူကိုမဖန်ဆင်းမှီ က ပင် လူနှင့်ပတ်၀န်းကျင် သဘာ၀ ကို  သဟဇာတ ဖြစ်အောင် ဖန်ဆင်းထားခဲ့သည်။  ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာတော် ကို ပြန်ကြည့်လျှင် တတိယနေ့၌ သစ်ပင်ကို ၎င်း၊ စတုတ္ထနေ့၌ သစ်ပင်အတွက်လိုအပ်သော နေ ရောင်ခြည် ပေးသည့်  နေ နှင့် လ ကို၎င်း၊  ပဥ္သမ နေ့တွင် ကောင်းကင်၌ ငှက်မျိုးအပေါင်း၊ ရေ ၌ ငါးကြီးအစ ရှိသော အ သက်ရှင်လှုပ် ရှားတတ်သော တိရစ္တာန်အပေါင်းတို့ကို၎င်း ၊ မြေ၌ သားရဲ သားယဥ် နှင့် တွားသွားတတ် သော  တိရ စ္တာန် အပေါင်းတို့ကို ၎င်းဖန်ဆင်းခဲ့သည်။ သစ်ပင်သည်  ကာဗွန်ဒိုင်အောက်ဆိုက် ကို ရှူ ၍ အောက်စီဂျင်ကိုပြန်ထုတ်သည်။ ရေထဲမှ ငါးများသည် သစ်ပင်ရှူထုတ်လိုက်သော အောက်စီဂျင်ကို ရှူ ၍ ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်ထုတ်သည်။  သစ်ပင်နှင််‌့သတ္တ၀ါ တို့ အသက်ရှင် သန် မှု အတွက် လိုအပ် သော လေထဲ၌ ပါသော ဓါတ်ငွေ့ နှစ်မျိုး ကို   ပင်  သဟဇာတ ဖြစ်အောင်ဘုရားသခင် က အသေးစိတ် ဖန်ဆင်းထားကြောင်း ကိုတွေ့ ရသည်။ ထို့နောက်မှ လူ ကိုဖန်ဆင်းခဲ့သည်။  
     ထမင်းအသက် ၇ ရက် ၊ ရေ အသက် တစ်မနက် ဆိုရိုးရှိသော်လည်း လေ မရှိ ပါက မိနစ် ပိုင်းသာ အသက်ရှင်  နိုင်သည် ကို လူတိုင်းသိပါသည်။  လူ အသက်ရှင်ရန် အသက်ရှူသွင်း ရာ၌ လိုအပ်သော အောက်ဆီဂျင်နှင့် ရှူထုတ်သည့် ကာဗွန်ဒိုင်အောက်ဆိုက် ကို သဟဇာတ ဖြစ်အောင်ဖန်ဆင်းပြီး မှ လူ ကို ဖန်ဆင်းခဲ့သည်။    ဤသည်ကိုကြည့်ခြင်းဖြင့်ဘုရားသခင်သည်သူ၏အကြံအစီတော်များ အတွက်ကြိုတင် ပြင်ဆင် ပေးထား ပြီး ဖြစ်ကြောင်းသတိချပ်သင့်သည်။
    ဘုရားသခင်သည်  လူသားတို့ အသက်ရှင်သန်  နိုင်ရန် လိုအပ်သော သဘာ၀ လေနှင့် လူ ကို သဟ ဇာတ ဖြစ်အောင် ဖန်ဆင်းထားခဲ့သည်။  ဘုရားသခင်၏ သဘာ၀ နှင့် လူ အကြား ၊ ဘုရားနှင့် လူအ ကြား ၊ လူနှင့်လူအ ကြားငြိမ်းချမ်းစွာဖြင့် သဟဇာတ ရှိရှိ ထာ၀ရအသက်ရှင် နေ ထိုင်စေလိုသော ဆန္ဒ သည်  သူ၏  နဂိုမူလအလိုတော် ပင် ဖြစ်ပေသည်။
     လွန်ခဲ့သော နှစ် (၂၀၀ ) ခန့်က  ဆရာကြီးယုဒဿန် နှင့် ဇနီး အန်းဂျပ်ဆင် တို့၏ သာသနာခရီး  လက် တေွ့ ဘ၀  ၌ လည်း နဂိုမူလ အလိုတော် ကဲ့သို့ လျှောက်လှမ်းခဲ့ရသော အတွေ့အကြုံ ရှိခဲ့သည်။  ၎င်းမှာ -ဆရာကြီးတို့ဇနီးမောင်နှံ ရွှေတိဂုံဘုရားသို့  တက်ရောက်သည့် အခါ ဖိနပ် ချွတ်ရသည့် ပြဿနာ တွေ့ကြုံ ခဲ့သည်။ ဖိနပ်ချွတ်လေ့မရှိသော အနောက်တိုင်းယဥ်ကျေးမှု နှင့် မြန်မာလူမျိူးတို့ အလေ.အမြတ်ထားသော ဘုရား၌ ဖိနပ်ချွတ်လေ့ရှိသော အရှေ့တိုင်းယဥ်ကျေးမှု အကြား သဟဇာတ မညီမျှမှု ပင်ဖြစ်သည်။  ဇနီး သည် အန်းဂျပ်ဆင် က ဆရာကြီးကို ပြောခဲ့သည်မှာ - သာသနာခရီးရည်မှန်ချက်အောင်မြင်ရန် ဤလူမျိူး တို့၏ယဥ်ကျေးမှုကိုလေးစားရမည် ဤတွင် ဆရာကြီးယုဒဿန်သည် ခေါင်းမာစွာငြင်းဆန် နေ ရာ မှ ဖိနပ်ချွတ်ခဲ့သည်။  ဤသည်မှာ ယဥ်ကျေးမှုတစ်ခုနှင့်တစ်ခု အကြား သဟဇာတ ရှိအောင်နေခဲ့ ခြင်းသည် ဇနီးမောင်နှံနှစ်ဦး  ၏ သာသနာ ခရီးအောင်မြင်စေသော အကြောင်းတရားများစွာထဲမှအ ချက်တစ်ချက် ဖြစ် ပေသည် ဟု စာရေးသူ ၏ စိတ်နှလုံးကို တို့ထိစေခဲ့သည်။  ထို့ကြောင့်    အလိုတော်သည် မြန်မာနိုင်ငံ ၌ ပြည့်စုံခဲ့ပြီ ဟူသော ခေါင်းစဥ်ဖြင့်  ဆရာကြီး ယုဒဿန်နှင့် ဇနီးအား ဂုဏ်ပြုအပ်ပါသည်။
     တချိန်တည်းမှာ ပင်  မြန်မာနိုင်ငံ၏ နှစ်ခြင်းသာသနာ နှစ် (၂၀၀ )ှ ပြည့် နှစ်မှသည် ရှေ့ ဆက်ရမည့် သာ သနာခရီး၌ ၎င်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း၌ ခရစ်ယာန်များ၏ တာ၀န်နှင့် အခန်း ကဏ္ဍ ၌ မည်ကဲ့သို့ ပါ၀င်ရမည်နည်းဟု စိတ်အားထက်သန်နေကြသော လူငယ်မောင်မယ်များ အတွက ် ဘုရား သခင်၏ နဂိုမူလ အလိုတော် နှင့် အညီ ေလျာက်လှမ်းခဲ့သော ဆရာကြီးယုဒဿန်နှင့် ဇနီး ၏ သာသနာ ခရီး ထဲ မှ  ဤ ဥပမာ လေးတစ်ခုနှင့် ခွန်အားပေး လိုက်ပါသည်။   
   ကမ္ဘာဦးကာလ၌ အသက်ရှင်ခဲ့သော ဒိုင်နိုဆောများမျိုးတုံး သွားရခြင်းသည် သဘာ၀နှင့် ၎င်းတို့၏ ဇီ၀ ခန္ဒာ တို့  အကြား သဟဇာတ မရှိသော ကြောင့်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ နေ့စဥ်အသက်တာ ၌ ၎င်း ၊ ဘ၀ အသက်တာ၌ ၎င်း  အောင်မြင်ရန် -  ကိုယ် စိတ် ၀ိဥာည် သုံးပါးလုံးသည်သ  ဘာ၀နှင့်သော်၎င်း၊ ပတ် ၀န်း ကျင်နှင့်သော်၎င်း၊  ဘာသာရေး ၊ လူမှုရေး ၊ နိုင်ငံရေးအဖွဲ့အစည်းအချင်းချင်းသော်၎င်း  သဟဇာတ ရှိစွာနေထိုင်နိုင် လျင် ငြိမ်းချမ်းစွာနှင့် လိုရာပန်းတိုင် လှမ်းနိုင်ကြမည် မှာ ဧကန်မလွဲပါ။။  လူ လူချင်း သဟ ဇာတရှိ စွာနေထိုင်နိုင်ရန် ဆိုရာ ၌ အများသဘောချည်းကို သာ လိုက်လျော နေ ထိုင်ရန် မဟုတ်ပါ။  ညှိ ယူ နေထိုင်ရန်ဖြစ်သည်။  ဤ သည် မှာ တစ်ဦးနှင့် တစ်ဦအပြန်အလှန်ကိုယ်ချင်းစာစိတ်နှင့် လေစားမှု ရှိခြင်း ကို ဆိုလိုပါသည်။
         မြန်မာနိုင်ငံ သာသနာခရီး၌၎င်း ၊ ဒီမိုကရေစီ ခရီးလမ်း၌၎င်း  ကျရာအခန်းကဏ္ဍ များတွင် ပြည်တွင်း ပြည်ပမှ   ပါ၀င်နေကြသောသူ လှည်းနေ လှေအောင်း,၊ မြင်းဇောင်းမကျန် အားလုံးကိုလည်း ဤ ဆောင်း ပါး  နှင့် အတူ ဂုဏ်ပြုအပ်ပါသည်။